Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


NovyFebruary 19, 20145min64823
သဘာဝပတ်ဝန်းကျင် ရှုမျှော်ခင်းတွေကို.. ကြည်ကြည်လင်လင် မြင်ရတွေ ့ရတာဟာ..စိတ်အပန်းပြေမှုကို.. ရစေပါတယ်.. ။ ကရင်ပြည်နယ်..ထဲ..အလည် အပတ်… သွားကြည့်ဖို ့…. ဒီပိုစ့်လေးထဲ..ဝင်လိုက်ရင်… ရပါတယ်.. ။ ခရက်တစ်ဘိုင် အလင်းဆက် မဟာဆဒ္ဒန်ဂူ- ကရင်ပြည်နယ် https://myanmargazette.net/193494 အပေါ်ကပိုစ့်လေးရဲ့ အဆက်ပေါ့နော်   ကဲအခုတော့ ဂူဓာတ်ပုံတွေလဲကြည့်ပြီးပြိ  မဟာဆဒ္ဒန်ဂူ အဆုံးကစေတီလေးကိုလဲဖူးပြီးပြီဆိုတော့ မဟာဆဒ္ဒန်အင်းထဲမှာ သဘာဝကျောက်ဂူတွေရဲ့ အလှကိုခံစားရင်း အမောပြေလေညှင်းခံရင်းလှေစီးမယ်နော် သစ်လုံးထွင်းလှေကလေးတွေ အင်းထဲမှာရေအောက်ပိုင်းအေးလို့တဲ့ ငါးလေးတွေသေနေကျတယ် ကဲဒီကျောက်ဂူထဲကို လှေကလေးနဲ့ဝင်မယ်နော် အမလေးခေါင်းနဲ့လွတ်ပါ့မလား တော်သေးတာပေါ့ခေါင်းနဲ့လွတ်လို့ အတွင်းပိုင်းလေးကို လေ့လာရေးဆင်းလိုက်ပါအုံး ဒါကကြောငြာ ( တစ်ကယ်ရောက်ခဲ့ကြောင်း) ထွက်ပေါက်ကို အပြင်ကပြန်ရိုက်ထားတာ ဂူထဲကပြန်ထွက်လာပြီ အင်းရေပြင်ကျယ်ကြီးပေါ့ လှေဆက်သွားလို့မရတော့ဘူး ဒီကနေဆင်းပြီးလမ်းလျှောက်မယ်နော် ဂူဘေးကပတ်လမ်းလေး အင်းဘေးကရှုခင်းလေးတွေ ရွှေဝါရောင်သန်းတော့မဲ့စပါးခင်တွေ သစ်ပင်ကြီးလဲနေတာကကဗျာဆန်းနေလို့ ကျောက်တောင်ပေါ်ကသစ်ပင်ပေါက်နေပုံကလဲတစ်မျိုးဆန်းနေတယ် ဝဥနဲ့လုပ်ထားတဲ့ ကရင်သက်သက်လွတ်ဟင်း […]


NovyFebruary 6, 20144min60316
ကရင်ပြည်နယ် မှာ ရှိတဲ့ မဟာဆဒ္ဒန်ဂူကို အလည်တစ်ခေါက်ရောက်ခဲ့ပါတယ် ရောက်ခဲ့တာနဲ့တန်အောင် ဂူအစကနေအဆုံးထိဝင်ဖို့ဆုံးဖြတ်ခဲ့ကျပါတယ် ဂူဝကိုရောက်တော့ ဂေါပကအဖွဲ့က ဂူထဲကိုဝင်မှာလားလို့မေးပါတယ် ဝင်မှာလို့ပြောတော့ ဂူထဲမှာ မီးအလင်းရောင်ရအောင် မီးထွန်းဖို့ အလှူငွေလေးထောင်ကောက်ပါတယ် အလှူငွေထဲ့ပြီးဂူထဲ ကိုဝင်ခဲ့ကျပါတယ် ဂူဝမှာ ဘယ်မှာမှမတွေ့ဘူးတဲ့မျက်နှာပုံထွင်းထားတဲ့ စေတီတစ်ဆူကိုလည်းဖူးခဲ့ရပါတယ် ဂူအစကနေဂူအဆုံးထိ ၄၅ မိနှစ်လောက် အတက်အဆင်းတွေနဲ့သွားခဲ့ရပါတယ် ဂူအလယ်နားလောက်မှာ အလင်းဝင်ပေါက် ၂ပေါက်သာတွေခဲ့ရပြီး ကျန်တဲ့နေရာမှာတော့ မီးအလင်းရောင်မှုန်ပြပြလေးနဲ့ အေးမြစိုစွတ်နေပါတယ် ဂူခေါင်မိုးတွေမှာတော့ လင်းနို့တွေအများကြီးပါပဲ ဂူအဆုံးမှာတော့ စေတီတစ်ဆူရှိပါတယ် ပြီးတော့ မဟာဆဒ္ဒန်အင်းကြီးပေါ့ ကဲအခုတော့ ဂူဓာတ်ပုံတွေအရင်ကြည့်ရအောင်နော်   မဟာဆဒ္ဒန်ဂူဆောင်းတန်းအစ ဒီလှေကားလေးအတိုင်းတက် ဂူအဝနားကကျောင်း ဒီလိုလျှောင်းတော်မူပုံလဲရှားတယ် ဂူအမိုးပေါ်က စေတီသေးသေးလေးတွေ ဂူအဝ ဂူအဝကစေတီ ဂူအဝကလူမျက်နှာနဲ့စေတီ လျှောင်းတော်မူ အလင်းဝင်ပေါက်1 ဂူပေါ်ကကျောက်ပန်းဆွဲ အလင်းဝင်ပေါက်၂ ဂူထွက်ပေါက်ကိုလှန်းမြင်နေရပြီ ဂူအဆုံးပါ ဂူအဆုံးက […]


NovyJanuary 9, 20144min102232
ပြည်-ထုံးဘိုမြို့-အကောက်တောင် ဧရာဝတီမြစ်ရဲ့မြစ်ကျဉ်းတစ်ခုရှိခြင်း၊ မြစ်တွင်းသို့တောင်ကြီးတစ်ုထိုးထွက်နေခြင်း၊ ရှေးမြန်မာမင်းများလက်ထက်မှာ အထက်အောက်စုန်ဆင်းသွားကျသောကုန်သည်လှေကြီးများအား အခွန်ကောက်ခံရာနေရာထားရှိခြင်း စသောဝိသေသများကြောင့် ကောက်တောင်ဟုခေါ်တွင်ခဲ့တယ်လို့ သိခဲ့ရပါတယ် အကောက်တောင်ကြီးရဲ့ကျောက်မြေသားနံရံများပေါ်မှာ ဘုရားပုံတော်များစွာကို သဒ္ဒါတရားထက်သန်စွာဖြင့် ရှေးလှေကုန်သည်ကြီးများမှ    ခက်ခက်ခဲခဲထွင်းထုကပ်လှူပူဇော်ခဲ့ကြပါတယ် ရှေးယခင်က အဆူပေါင်း၁၀ဝ ကျော်ခဲ့ပေးမဲ့ အခုအခါမှာတော့ ၄ဝလောက်သာရှိတော့တယ်လို့သိမှတ်ခဲ့ရပါတယ် ပြီးတော့မြန်မာနိုင်ငံမှာ ဒီလိုမြစ်ကမ်းဘေးကျောက်နံရံမှာ ထွင်းထုထားတာ ဒီတစ်နေရာမှာပဲရှိပါတယ်တဲ့ တောင်ပေါ်ကိုတက်တဲ့လမ်းကလေးကလည်းကျဉ် တစ်ဘက်ကလဲချောက်ကြီးနဲ့မို့ ဘုရားပုံတော်တွေကို ရိုက်နိုင်သလောက်လေးရိုက်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်နော် ကဲရေယာဉ်အကြီးစီးမလားအသေးစီမလား ကတို့ဆိပ်တဲလေးနဲ့ အမှတ်တရ   ဧရာဝတီမြစ်အတွင်းကို ထိုးထွက်နေတဲ့ အကောက်တောင် အဝေးကဇွန်းနဲ့ခက်လိုက်ရတဲ့ တောင်နံရံက ဘုရားရုပ်ထုတွေ အကာက်တောင်လှေဆိပ် လှေဆိပ်နားက ကိုတံငါ လှေအဆင်းမြင်းအတက်ဆိုတဲ့အတိုင်း ပျဉ်ပြားလေးပေါ်ကနေအဆင်း တောင်နံရံက ဘုရားရုပ်ထုတွေနဲ့အမှတ်တရ  


NovyNovember 28, 20131min85038
သို့   ဂဇက်ရွာ ငါနင့်ကို အရမ်းသတိရနေပါတယ် နင့်ဆီကိုစာတွေမှန်မှန်မပို့လို့ငါ့ကို မေ့သွားပြီလာဟင် စာတွေသာငါမရေးအားလို့ မရောက်တာပါ ငါ့စိတ်ကတော့ ရွာအကြောင်းတွေကိုအမြဲသတိရနေတယ်ဆိုတာယုံပေးပါနော် ငါ့မှာ အထူးအဆန်းလေးတွေချက်စားလည်းနင့်ကိုသတိရပြီ ကင်မရာလေကိုင် ဓါတ်ပုံတွေရိုက်နင့်ကိုပို့မယ်ပေါ့ ခရီးသွားရင်လည်းနင့်ကိုသတိရ ခရီးကပုံလေးတွေ နင့်ကို ပြဖို့ ဓါတ်ပုံတွေကို ရိုက်မိနေတယ် ဒါပေမဲ့ နင့်ဆီကို ငါမပို့ဖြစ်ခဲ့ပါဘူးဟယ် ငါခံစားနေရတာတွေ ပျော်ရွှင်နေရတာတွေကို နင့်ကို ဝေမျှဖို့ မအားနိုင်အောင် ငါအလုပ်တွေအရမ်းများနေခဲ့တယ်လေ ကိစ္စများမြောင် အီလူ့ဘောင်ဆိုတဲ့ အတိုင်း ဒီလပိုင်းတွမှာ ငါထွက်ပြေးချင်လောက်အောင် ကိစ္စတွေများနေတယ် ဒါပေမဲ့လဲ ဒီသံသရာဝဲဂရက် က လွဲမထွက်နိုင်သေပါဘူးဟယ် ကြွေးဟောင်းတွေကိုဆပ် / ကြွေးသစ်တွေကိုချ /ရွှေအိုးတွေကိုမြှပ် အိမ်စ္စ အလုပ်ကိစ္စတွေနဲ့ ပြေးလွှားနေရတယ့် ငါ့ဘဝပေါ့ဟယ် နင်စိတ်ရှုတ်သွားပြီးလား ငါ့ရဲ့ အပူတွေကို နင့်ကို ကူးစေတော့ရယ်လို့ ငါမရည်ညွန်းခဲ့ဘူးဆိုတာနင်သိရင် ငါဝမ်းသာပါပြီ […]


NovyMay 8, 20131min39910
ငွေရှာရတာမကောင်းတော့ သူများဖေါက်ပြီးသားလမ်းလေးနောက် အသာအယာလိုက်မလားလို့ :harr: လျှိ့ဝှက်မေးခွန်း၁ဝ ခုကို မချွင်းမချန်ဖြေလိုက်မယ်နော် ကိုပီချိုကြီးကို သူကြီးက ဆယ်အိမ်ဂေါင်းရဲ့ မေးခွန်းတွေကိုဖြေလို့ 9.9 အိမ်ဂေါင်းရာထူးပေးတယ်ဆိုတော့ တို့ကိုလည်း အမျိုးသမီးစွမ်းဆောင်ရှင်ဂေါင်းများပေးမလားလို့ ဟိဟိ :kwi:   ၁၂။ မိန်းမအပြင် ဘယ်သူ.ကိုပိုချစ်သေးလဲတဲ့ (ရွာသူဖြစ်ပါက ယောင်္ကျားအပြင်၊ လူပျိုဖြစ်ပါက အခုလက်ရှိရည်းစားအပြင်၊ အပျိုဖြစ်ပါက အခုလက်ရှိ ရည်းစားအပြင်) ဒါလင်အပြင် လင်ဒါကိုလဲချစ်ပါတယ် ၁၃။ ရွာသူားထဲမှာ ဘယ်သူ.ကို အချစ်ဆုံးလဲ။ နိုဗွီဆိုတဲ့ ခတ်ချောချောနဲ့ ကောင်မလေး ၁၄။ အခုချက်ချင်းထပြီး နပန်ရိုက်ခိုင်းရင် ရွာသူားတွေထဲက ဘယ်သူ.ကို အရိုက်ချင်ဆုံးလဲ။ အဖြေကတော့ ရှင်းပါတယ် -မရှိ ၁၅။ ရွာသူားတွေထဲက တစ်ယောက်ယောက်ကို အာဘွားပေးဆို ဘယ်သူ.ကိုအပေးချင်ဆုံးလဲ။ နိုဗွီရဲ့ဒါလင် ၁၆။ သူကြီးအကြောက်ရဆုံးသူဟာ ဘယ်သူလဲ။ […]


NovyMay 7, 20134min67224
မြွေတွေကိုတွေ့ရင် ကြောက်ပေမဲ့ မှတ်တမ်းတင်ချင်တဲ့စိတ်က ပိုများလေးတော့ ရောက်တဲ့နေရာတွေမှာ မြွေတွေ့လို့အခွင့်သာရင် ဓါတ်ပုံကို မဖြစ်မနေရိုက်မိတာပါဘဲ ဘဝဟောင်းက အမျိုးတွေမို့လို့ ရေစက်မကုန်တာလားတော့မသိတော့ပါဘူး အခုလည်း စစ်ကိုင်းဘက် ကသိုက်ပေါင်းစုံညီမြွေရှင်စေတီတော်ကမြွေတွေနဲ့ တွံတေးဘက်ကရေလည်စေတီမှာရှိတဲ့ မြွေရှင်ပုံတွေတင်ပေးလိုက်တယ်နော် ကြည့်ပြီး အူယားကျစေသတည်းးးးးးးးးးးးးးး   တွံတေး1 တွံတေး2 တွံတေး3 တွံတေး4 တွံတေး5 တွံတေး6     တွံတေးစေတီမှာ ဓါတ်ပုံရိုက်တော့ ကိုယ့်ခေါင်းပေါ်များမြွေတွေပြုတ်ကျလာမလားလို့ အပေါ်ကို မော့ကြည့်ရတာလဲ ဇာတ်တောင်ညောင်းပါရဲ့ စစ်ကိုင်းမှာကြတော့လည်း ဘေးနားကနေများမြွေတွေထွက်လာမလား မော့လျှောက်နေလို့ အောက်ကမြွေများနင်းမိမလားလို့ အူတယားယားနဲ့ရိုက်ခဲ့ရတာပါအေ…  


NovyApril 26, 20134min74135
မေမြို့ အနီးစခန်းနားက ဓါတ်တော်ချိုင့်ရေတံခွန်ကို 19/04/2013 ကရောက်သွားပါတယ် အဲ့ဒီမှာသတိထားစရာကတော့ ဘိနပ်အပါးစီးသွားဖို့ပါပဲ မနိုတောင် ခုံမြင့်ဘိနပ်ဖြစ်နေလို့ ရေတံခွန်းသွားတဲ့လမ်းထိပ်လေးမှာရှိတဲ့ ဘိနပ်ချုပ်တဲ့ ဆိုင်လေးမှာ ကိုယ်ဘိနပ်ကိုအပ်ပြီး ဆိုင်မှာရှိတဲ့ ရာဘာဘိနပ်ပါးတစ်ရံကို ၃၀ဝ နဲ့ငှားပြီးစီးရပါတယ် အဲ့ဒီဆိုင်လေးမှာ ဘိနပ်ပြင်/ ဘိနပ်ငှားသလို တောင်ဝှေးတွေလည်း တစ်ချောင်းကို ၁၀ဝ နဲ့ရောင်းပါတယ် ဝယ်သွားဖို့လိုအပ်ပါတယ် ရေသန်တို့ အအေးတို့ကတော့ ရေတံခွန်သွားတဲ့လမ်းတစ်လျှောက် နားဖို့တဲလေးတွမှာ ရောင်းပါတယ် ဈေးကြီးတာကလွဲရင်ပေါ့လေ မနိုတို့ စပြီးရေတံခွန်ကိုဆင်းတော့ ၁ဝနာရီကျော်နေပြီ အသွားမှာတော့ တောက်လျှောက် တောင်းဆင်းလမ်းတွေပါပဲ နဲနဲတော့ မက်စောက်ပါတယ် ဒါပေမဲ့ တောင်ဝှေးလေး အားပြုပြီး အေးအေးဆေးဆေးနားရင်သွားရင်ပေါ့ စုစုပေါင်း တောင်ကွေ့ ၂၂ကွေ့ရှိတယ်လို့ပြောပါတယ် ရေတံခွန်ကို ၁၁နာရီေကျော်လောက်ရောက်သွားပါတယ် အဲ့ဒီမှာဖွင့်ထားတဲ့ အသုတ်ဆိုင်ကလေးကတော့ အရမ်းတန်ပြီ စားလို့ကောင်းပါတယ် အသုတ်တပွဲကို ၅၀ဝပဲပေးရပါတယ် ရေနွေးကြမ်းပူပူလေးကလည်းကောင်းမှကောင်းပါပဲ […]


NovyApril 6, 20132min75034
ဒီနှစ်သင်္ကြန်မှာတော့ လောကီကိုခတ္တစွန့်ခွာပြီး အေးချမ်းရာဗုဒ္ဓအရိပ်ကိုခိုဝင်ဖို့ စိတ်ကူးထားပါတယ် မနိုလဲလောကီသားပေမို့လောဘ ဒေါသ မောဟ မာနတွေ ဘဝကိုရုန်းကန်ခဲ့ရပါတယ် ဒီလိုအရာတွေနဲ့ပြည့်ကြပ်နေတဲ့လောကကြီးးမှာ စိတ်အညစ်အကြေးတွေကို လုံးဝသန့်စင်အောင်မဆေးကြောနိုင်ရင်တောင် မြူမုန်လောက်သန့်စင်သွားတယ်ဆိုရင်ပဲကျေနပ်မိမှပါ ဒီတစ်ကြိမ်နဲ့ဆိုရင် ၄ကြိမ်မြောက်ရှိသွားပါပြီ ဒါကြောင့်မို ဧပြီ12ကနေ 21အထိရွာထဲကို ဝင်နိုင်မှာမဟုတ်တော့လို့ခွင့်တိုင်ခဲ့ပါတယ်နော် ရွာသူားတွေအပေါ်မှာ မနိုကမကောင်းတဲ့စိတ်မွေးမိခဲ့တယ် လွန်ခဲ့တယ်ဆိုရင်လည်း အပြစ်တွေအားလုံးကိုခွင့်လွတ်ပေးပါလို့ တောင်းပန်ပါတယ် မနိုကလည်းအားလုံးကခွင့်လွတ်ပါတယ်လို့ နှစ်သစ်မှာရွာသူားတွေအားလုံး လိုအင်ဆန္ဒတွေအားလုံးမတောင်းပဲနဲ့ ပြည့်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ပြန်လည်ဆုံတွေပါအုံးမည်လို့ 2010 – ၃ကြီမ်မြောက်သီလှရှင်ဝတ်ခဲ့စဉ်က   စွန့်လွတ်တော့မယ်ဆံပင်တွေ  


NovyMarch 22, 20132min74032
မနေ့ကရုံးကအဖွဲ့တွေနဲ့ ရန်ကုန်မြစ်ကြောတစ်လျောက်အပျော်စီးသင်္ဘောစီးရင်းနဲ့ စင်ရောလေးတွေနဲ့ဝင်လုလုနေမင်းကြီးရဲ့ အလှကို မှတ်တမ်းတင်ထားတာလေးတွေကို ဝေမျှလိုက်ပါတယ် ယောနသံ1 ယောနသံ2 ယောနသံ3 ယောနသံ4 ယောနသံ5 ယောနသံ6 ယောနသံ7 ယောနသံ8


NovyMarch 12, 20132min90627
ဒါဇင်ပလပ် အဖွဲ့သားများရဲ့ အဌမအကြိမ်မြောက် စုပေါင်းအလှူကို  ၁၀.၃.၂၀၁၃ နေ့မှာ အောင်မြင်စွာနဲ့ သွားရောက်လှူဒါန်းပြီးဖြစ်ပါတယ်၊ ရွာသူားအပေါင်းလည်း သာဓုခေါ်ကုသိုယ်ယူနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်၊ သာကေတမြို့နယ် ၊ (၁၀) မြောက်ရပ်ကွက်ထဲက ၊ ငှက်ပျောကျွန်း သီလရှင် ပရိယတ္တိစာသင်တိုက်နှင့်နယ်စပ်ဒေသတိုင်းရင်းသူလေးများစောက်ရှောက်ရေးနှင့် ပညာသင်ကြားရေးကျောင်းဖြစ်ပါတယ် ကျောင်းရဲ့မျက်နှာစာ – photo from အိတုံး ကျမတို့ ဒါဇင်ပလပ်အဖွဲ့သားတွေ သွားလှူတဲ့အချိန်မှာတော့ ဆရာလေးဒေါ် ဥတ္တရဉာဏီ နဲ့ ကလေးအချိုသာတွေ့ခဲ့ရပါတယ်ကျန်တဲ့သူတွေကတော့ဘုရားဖူးသွားကျတယ်လို့ ပြောပါတယ် ဆရာလေးကိုပဲသိချင်တာလေးတွေမေးပြီး စာရေးကိရိယာပစ္စည်းတွေနဲ့ လှူငွေနဲ့ ကိုပေရဲ့ဒါန SEIKO နာရီ ကို လှူဒန်းခဲ့ပါတယ် ကိုပေရဲ့ဒါန- photo from အိတုံး စာရေးကိရိယာပစ္စည်းတွေ အပြုံးကိုယ်စီ   ဆရာလေးဒေါ် ဥတ္တရဉာဏိရဲ့ပြောပြချက်အရသိခဲ့တာတော့ ဒီကျောင်းလေးကို (၁၉၉၃)ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ အခုထိတော့ မူလတန်းအဆင့်ထိပဲ […]


NovyMarch 6, 20131min102345
ဒူးးးးးးးးးးးးးးဒူးးးးးးးးးးးဒူးးးးးးးးးးးးးး မနက်စောစောစီးစီး သူကြီးအိမ်ကမောင်းသံကြားတော့ လန့်သွားတယ် မနေ့ကညကရွားမီးလန့်ထားတဲ့ အရှိန်နဲ့ သူကြီးတော့ ဘာတွေပွားအုံးမလဲပေါ့ ဒါနဲ့ပဲ ရွာသူားတွေ စုရုုံးပြီးရောက်သွားတယ် သူကြီးအိမ်ကိုရောက်တယ်ဆိုရင်ပဲ သူကြီးကလော်ကြီးကိုင်ပြီးစောင့်နေလေရဲ့ “ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရရင်ဒီလို့ရှိပါတယ်” ဘယ်ကစ္စလဲသူကြီး ဘယ်ကစ္စဖြစ်ရမှာလဲ ညကရွာမီးလန့်တဲ့ ကိစ္စလေ “ရွာသူားတွေများ.. တယောက်တလှည့်ဝိုင်းငြိမ်းမလား.. ထင်မိပါတယ်.. အထဲကနေ.. ဆီလောင်း..တို့မီးလုပ်သူတွေချည်းပဲ”   ကြောင်ကြီး မင်းလဲကြပ်ကြပ်သတိထား “ရွာမီးလောင် ဦးကြောင် လက်ခမောင်းခတ်…။ သဂျီး အထုပ်အပိုး ပြင်နေတုံး သမီးဒေါ်ဂလေးကို ခိုးပြေးမယ်” ငါ့သမီးထိလိုကတော့ ငါ့ရဲ့နှလုံးပူးစာမိသွားမယ်   မောင်ကျောက် မင်းပြောတာကဘာတဲ့ “ပြောရရင်တော့ သခင်မျိုးဟေ့ ဒို့ဘာမန်… လက်သီးပုန်းထိုးကြမယ့် အရေးကို မြင်နေရတာမို့… နောက်မကျခင် ဟာကွက်ကိုထောက် ကြားက အမုန်းခံလိုက်တာ… ဂဇက်ကို ချစ်လွန်းလို့ပါဗျာ” ဟုတ်စ မင်းက ငါ့လောက်ရွာကို မင်းကချစ်တယ်ပေါ့ […]


NovyFebruary 15, 20131min98750
မနေ့က ဗာလင်တိုင်းဒေးရောက်တော့ ဒါလင်နဲ့ အလွမ်းသည်ပြီးတဲ့နောက် စိတ်အာရုံတွေက လွန်ခဲ့တဲ့ ၆နှစ်က ဗာလင်တိုင်းဒေလေးကို သတိယလွင့်မျောသွားလေးရဲ့   အဖြစ်ကဒီလို ဒီနေ့ဖေဖေါ်ရီ 14ရက်ပဲ ဒါလင့်ကိုသတိရလိုက်တာ ဒီညနေရုံးဆင်းရင် အင်တာနက်ဆိုင်ကနေဖုံးခေါ်လိုက်အုံးမယ် ကိုယ့်ဖုံးနဲ့ခေါ်ရင် ပိုက်ဆံပိုကုန်တယ်လေ ရုံးဆင်းတော့တက္ကစီလေးစီးပြီး ပါရမီလမ်းဆုံနားက အင်တာနက်ဆိုင်ကလေးကို ဝင်ခဲ့တယ်ပေါ့ ဆိုင်ထဲရောက်တော့ လူငယ်လေးတွေတော်တော်များများအပြုံးတွေများစွာနဲ့ ကြူနေကျတယ်ပေါ့ ကိုယ်လဲ လွတ်တဲ့ခုံးလေးမှာဝင်ထိုင်ပြီးဆိုင်ကကောင်လေးကို ဖုံးခေါ်ခိုင်းရတာပေါ့ တွေ့ပါပြီဒါလင်နဲ့ ရင်တွေတောင်ခုန်နေတယ် ဘာစပြောရမှန်းတောင်မသိဘူး   *ကိုကြီးနေကောင်းလာ အေးကောင်းတယ် ဘာအရေးကြီးလို့ဖုံးခေါ်တာလဲ *ကိုကြီး ဒီနေ့ဘာနေလဲသိလား ဘာနေလဲ  ဘာနေ့မို့လို့လဲ *ကိုကြီးဒီနေ့ 14ရက်လေ 14ရက်ဘာဖြစ်လို့လဲ   ဘေးနားက ကလေးတွေက ကိုယ့်ကို မသိမသာလှမ်းကြည့်နေကျတယ် အေးအေး မသိရင်လဲပြီးရောလိုပြောပြီး အားလုံးနေကောင်းကြတဲ့အကြောင်းပြောပြီး ဖုံးချပစ်လိုက်တယ် အိမ်ရောက်တော့မကျေပွဲထက်နွဲတာပေါ့ ပိုက်ဆံကုန်ရင် ကုန်ပစေဆိုပြီ ဖုံးခေါ်ပြီးရန်တွေ့လိုက်တယ် […]


NovyJanuary 22, 20137min112262
မန္တလေးဂဇက်အဖွဲဝင်များဆုံစည်းပွဲနဲ့ ဆုပေးပွဲမှာ ဥက္ကဌကြီးမမပဒုမ္မာနဲ့ အကျိုုးတော်ဆောင် ဖတ်ရွေးအဖွဲ့ဝင်တွေ / မိတိုက်နဲ့ အမတ်မင်းတို့ကလည်း ထောင့်စေ့အောင်အကုန်စီစဉ်ပြီပြီး အစားအသောက်အတွက်လည်း အဘဖေါရဲ့ စေတနာလို့ကြားတယ် ကိုယ်ဘက်ကဘာတွေလုပ်ပေးနိုင်မလည်းလို့ စဉ်စားလိုက်တယ် အားလုံးလည်းပျော်ရအောင် ဗလာမပါကံစမ်းမဲလေးဖေါက်ပေးနိုင်ရင် ကောင်းမှာပဲလို့ စဉ်စားမိတယ် ဒါနဲ့ပဲမိတိုက်ဆီကို ဖုံးလေးခေါ် မရတာနဲ့ပဲ အမတ်မင်းဆီကို လှမ်းဆက်လူစာရင်းလေး လှမ်းမေး တော့ အကြောင်းပြန်ပါ့မယ်တဲ့ ပစ္စည်းလေးတွေစပြီးစုရတာပေါ့ 16/01/2013 မှာ အမျိုးမတူတာ 30လောက်စုမိသွားတယ် 17/01/2013 မှာ ပါကင်လေးတွေထုပ်ရတာပေါ့ 18/01/2013မှာ မိတိုက်ဆီကို ဖုံးထက်ဆက်တော့ အမတ်က သူ့ကို မပြောရသေးဘူးတဲ့ ဒါနဲ့ပဲ အစကနေပြန်ပြော ကံစမ်းမဲလေးဖေါက်ပေးခြင်တဲ့အကြောင်းပေါ့ မိတိုက်ကပြောတယ် သူကြီးနဲ့ပေါင်းမလားတဲ မပေါင်းနိုင်ဘူးလို့ ( မဲကိုပြောတာနော်- ) တက်ရောက်မဲ့သူစာရင်းက52ယောက်တဲ့ မနိုကတော့ တန်းဘိုးအားဖြင့် ဘယ်လောက်မှ မရှိပေမဲ့ လူတိုင်းကိုရစေချင်လို့ […]