Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Zaw AungJuly 7, 20141min3203
ရွှေအကြောင်းသိကောင်းစရာ(92) (စဉ် 91 မှအဆက်) တစ်ချို့က အတွေ့အကြုံမရှိတဲ့ ဝန်ထမ်းကိုပိုကြိုက်တယ်။ သင်ပေးပြပေးတာ ဝါသနာမပါတဲ့သူ စိတ်မရှည်တဲ့သူ အတွက်ကတော့ တတ်ပြီးသားကပိုကောင်းတာပေါ့။ ကိုယ်လိုချင်တဲ့ပုံစံ သွင်းချင်တဲ့သူ သင်ပေးတာဝါသနာ ပါတဲ့သူအတွက်တော့ ဘာမှမတတ်သေးတာက ပိုကောင်းပါတယ် ကျွန်တော့ဆီကဝန်ထမ်းတွေကတော့ တစ်ကျပ်သားမှာ၁၆ ပဲရှိတာကစပြီး သင်ပေးခဲ့ရတဲ့သူတွေချည်းပါပဲ။ သူတို့ကိုတစ်ခါတစ်လေ နောက်ပြီးပြောပြလေ့ ရှိတာက သူများတွေဒီရွှေပညာတတ်ချင်လို့ တစ်လကိုနှစ်သိန်းလောက်ပေးပြီး ရွှေသင်တန်းသွားတတ်ရတယ် အခု ဒီမှာပညာလဲရ လခလဲရ ဘယ်လောက်ကောင်းလဲလို့။ ရွှေဆိုင်မှာက ပစ္စည်းအမျိုးအစား အလျော့တွက်တွေ မှတ်ရတာကများတော့ လေးငါးလလောက်မှ နဲနဲစရောင်းတတ်တယ် customer နဲ့ပြောဆိုဆက်ဆံရေးလဲ သင်ရသေးတယ် ကြိုးစားတဲ့သူရှိသလို သိပ်မကြိုးစားတဲ့သူတွေလဲတွေ့ရပါတယ်။ (စဉ် 93 သ)ို့ ရွှေအကြောင်းသိကောင်းစရာ(93) (စဉ် 92 မှအဆက်) အခုဒီစာတွေရေးမယ်ဆိုပြီး အရင်ကအကြောင်းတွေ ကိုယ်လုပ်ခဲ့ကိုင်ခဲ့တာတွေ ပြန်စဉ်းစားကြည့်လိုက်တော့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော် […]


Zaw AungJune 28, 20141min2072
ရွှေအကြောင်းသိကောင်းစရာ (၂၉) ‘ ဒုံး ‘ ထည်ဆိုတာဘာလဲ အလျော့တွက်မယူဘဲ ရောင်းတဲ့အထည်ကိုခေါ်တာပါ။ ဘာလို့အလျော့တွက်မယူဘဲ ရောင်းနိုင်တာလဲ များသောအားဖြင့်တော့ တစ်ချို့ရွှေဆိုင်တွေက လာပြန်သွင်းတဲ့ အထည်တွေကို အရည်မကျိုဘဲ ‘ ဒုံး’ ပြန်ရောင်းကြတာပါ။ တစ်ချို့ အထည်အသစ်ကို ‘ ဒုံး ‘ ရောင်းကြတဲ့ဆိုင်တွေလဲရှိပါတယ် မြို့ထဲကဆိုင်တွေမှာတော့ မရှိဘူး ရပ်ကွက်ဆိုင်တွေမှာရှိတယ်။ သူတို့ကျတော့ ရွှေရည်နဲ့ ရွှေဈေးမှာ အမြတ်ယူကြတာပေါ့။ ဘယ်ဆိုင်မှာဝယ်သင့်သလဲဆိုရင် အလျော့တွက်သက်သာတဲ့ ဆိုင်ရွေးဝယ်ဘို့ အကြံပေးချင်တယ်။ ရွှေရည်တို့ ဈေနှုန်းတို့ဆိုတာ ကျွမ်းကျင်သူမဟုတ်ရင် သိဖို့ သိပ်မလွယ်ဘူးလေ ပြန်ရောင်းတဲ့အခါ အများကြီးရှုံးသွားနိုင်တယ်။ ရွှေအကြောင်းသိကောင်းစရာ(၃၀) အကယ်ဒမီရွှေတုံးဝယ်တဲ့အခါ ရွှေတုံးမှာကပ်ထားတဲ့စတစ်ကာက code နံပါတ်နဲ့ ရွှေအလေးချိန်စာရွက်က code နံပါတ်တူမတူ ရွှေအလေးချိန်ရေးထားတဲ့ စာလုံးတွေ ထင်မထင် သေချာကြည့်ကြတယ်။ code […]


Zaw AungJune 26, 20141min1630
ရွှေအကြောင်းသိကောင်းစရာ(၂၇) ရွှေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကရွှေတူးတာ၊ရွှေချွတ်တာ၊ရွှေအရောင်းအဝယ်လုပ်တာ၊ရွှေဆိုင်ဖွင့်တာ ရွှေပန်းတိမ်လုပ်တာ၊ရွှေအပေါင်ခံတာတို့ရှိတယ်။အခုထိရေးခဲ့တာတွေကတော့ ရွှေအရောင်းအဝယ်နဲ့ ပတ်သက်တာတွေများတယ်။ ရွှေအရောင်းအဝယ်မှာလဲ လေပတ်ကားနဲ့ အသား(လက်တွေ့) အရောင်းအဝယ် နှစ်မျိုးရှိတယ်။ ဈေးကွက်အခေါ် ‘ရေမြန်’ ပေါ့။ တစ်ချို့လုပ်ငန်းတွေက အရှုံးအမြတ် ကြမ်းတယ်။ ဥပမာ-ရွှေတူးတာပေါ့ ကံလိုက်တဲ့ လူကသိန်းကို ထောင်သောင်းချီပြီး ရသလောက် ကံမလိုက်တဲ့လူက ထောင်ချီပြုတ်သွားရော။ ရွှေ online (internet) ကစားတာလဲ အရှုံးအမြတ်ကြမ်းတာပါပဲ အမှတ်(၂၃) မှာရေးခဲ့ပါတယ်။ ရွှေတူးလုပ်ငန်းနဲ့ ရွှေဆိုင်လုပ်ငန်းအကြောင်း နောက်မှဆက်ရေးပါအုံးမယ် ရွှေအကြောင်းသိကောင်းစရာ(၂၈) ရွှေအထည် (လက်ကောက်တို့ကြိုးတို့) ဝယ်ဝတ်ပြီး ပြန်ရောင်းရင် ဘာလို့ရှုံးတာလဲမေးကြတယ်။ ဝယ်တဲ့အချိန်မှာရွှေဘိုးနဲ့ အလျော့တွက်ဘိုးပါပေးရပြီး။ (အလျော့တွက်အကြောင်း အမှတ် ၁၈ မှာပြောထားပါတယ်) ပြန်ရောင်းတဲ့အခါ ရွှေဘိုးပဲပြန်ရတော့ အလျော့တွက်ဘိုး ရှုံးသွားတာပေါ့။ အရှုံးသက်သာချင်ရင် အလျော့တွက်သက်သာတဲ့ဆိုင် ရွေးဝယ်ရမယ် အလျော့တွက် သက်သာတဲ့အထည် ရွေးဝယ်ရမယ်။ […]


Zaw AungJune 26, 20141min2303
ရွှေအကြောင်းသိကောင်းစရာ(၂၅) ရွှေဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတာက အကယ်ဒမီ တံဆိပ်ဆိုတော့ ကျန်တဲ့ ဘသန်းတံဆိပ် မော်ကြားနဲ့ မန်းကြားတွေက ဘယ်မှာသွားရောင်းဝယ်ရမလဲလို့ မေးစရာရှိတယ်။ အဲဒီတံဆိပ်တွေက သုံးတဲ့လူတွေပဲဝယ်တယ် ဝယ်ရောင်းလုပ်တဲ့သူတွေ မဝယ်ဘူး သုံးတဲ့သူဆိုတာက ရွှေဆိုင်တွေ ရွှေပန်းတိမ်တွေပေါ့။ ဈေးကွက်မှာက လိုတဲ့အချိန် လိုသလောက် ဝယ်လို့ ရောင်းလို့ရတာက အကယ်ဒမီ တံဆိပ်ပဲရှိတယ် ဒီတော့ ရွှေဆိုင်တွေ ပန်းတိမ်ကြီးတွေက ငွေပေါ်ရင် အကယ်ဒမီပဲဝယ်ထားတယ်။ အရည်ကျိုသုံးခါနီးမှာမှ လိုချင်တဲ့ တံဆိပ် ဘသန်းတို့ မော်ကြားတို့ မန်းကြား တို့နဲ့လဲပြီးကျိုတယ်။ အဲလိုလဲတဲ့အခါ တစ်ကျပ်သားကို တစ်ထောင်ကနေ သုံးလေးထောင်လောက်အထိ အလိုက်ရတယ်လေ။ ရွှေအကြောင်းသိကောင်းစရာ(၂၆) တစ်ခါတစ်လေနိုင်ငံခြားကဈေးကိုက်လို့သွင်းလာတဲ့ 1 kilo ပြားတွေလည်းအကယ်ဒမီနဲ့လဲပြီးရောင်းရတာပဲ။ တစ်ပြားကို 60 ကျပ် 3 ပဲ 4 ရွေးရှိတယ်။ quality […]


Zaw AungJune 23, 20141min2081
ရွှေအကြောင်းသိကောင်းစရာ(၂၅) ရွှေဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတာက အကယ်ဒမီ တံဆိပ်ဆိုတော့ ကျန်တဲ့ ဘသန်းတံဆိပ် မော်ကြားနဲ့ မန်းကြားတွေက ဘယ်မှာသွားရောင်းဝယ်ရမလဲလို့ မေးစရာရှိတယ်။ အဲဒီတံဆိပ်တွေက သုံးတဲ့လူတွေပဲဝယ်တယ် ဝယ်ရောင်းလုပ်တဲ့သူတွေ မဝယ်ဘူး သုံးတဲ့သူဆိုတာက ရွှေဆိုင်တွေ ရွှေပန်းတိမ်တွေပေါ့။ ဈေးကွက်မှာက လိုတဲ့အချိန် လိုသလောက် ဝယ်လို့ ရောင်းလို့ရတာက အကယ်ဒမီ တံဆိပ်ပဲရှိတယ် ဒီတော့ ရွှေဆိုင်တွေ ပန်းတိမ်ကြီးတွေက ငွေပေါ်ရင် အကယ်ဒမီပဲဝယ်ထားတယ်။ အရည်ကျိုသုံးခါနီးမှာမှ လိုချင်တဲ့ တံဆိပ် ဘသန်းတို့ မော်ကြားတို့ မန်းကြား တို့နဲ့လဲပြီးကျိုတယ်။ အဲလိုလဲတဲ့အခါ တစ်ကျပ်သားကို တစ်ထောင်ကနေ သုံးလေးထောင်လောက်အထိ အလိုက်ရတယ်လေ။ ရွှေအကြောင်းသိကောင်းစရာ(၂၆) တစ်ခါတစ်လေနိုင်ငံခြားကဈေးကိုက်လို့သွင်းလာတဲ့ 1 kilo ပြားတွေလည်းအကယ်ဒမီနဲ့လဲပြီးရောင်းရတာပဲ။ တစ်ပြားကို 60 ကျပ် 3 ပဲ 4 ရွေးရှိတယ်။ quality […]


Zaw AungJune 21, 20141min2866
ရွှေအကြောင်းသိကောင်းစရာ(၂၃) ရွှေအရှုံးအမြတ် ကစားတာ on line မှာလဲရှိပါတယ် နိုင်ငံခြားက ဖွင့်ထားတဲ့ web site တွေမှာပါ igmarkets.com မှာကစားတာများပါတယ် အဲဒါကတော့ မြန်မာ့ဈေးနဲ့ မဆိုင်တော့ပါဘူး ကမာ္ဘ့ဈေး အတက်အကျပေါ်မှာကစားတာပါ နိုင်ငံခြားမှာ လူခံရှိတဲ့လူမှ ကစားလို့ရတာပါ လူခံမရှိတော့လဲ ရှိတဲ့လူဆီ အကူအညီတောင်းပြီး ကစားကြတာပါပဲ သူ့ရဲ့ rules and regulations တွေသိချင်ရင်တော့ net ထဲမှာ အသေးစိတ် ဝင်ဖတ်ကြည့်လို့ရပါတယ် အဲဒါက အရှုံးအမြတ် ပိုကြမ်းတယ် များများကစားတဲ့လူဆို သိန်းကို ရာဂဏန်း ထောင်ဂဏန်း အထိအရှုံးအမြတ်ရှိတယ် ရွှေအကြောင်းသိကောင်းစရာ(၂၄) ရွှေတုံးရဲ့တံဆိပ်တွေ အကြောင်း အမှတ်(၇) မှာပြောခဲ့တုန်းက ‘ မန်းကြား ‘ နဲ့ ‘ မော်ကြား ‘ ဆိုတဲ့ […]


Zaw AungJune 19, 20141min2784
ရွှေအကြောင်းသိကောင်းစရာ(၂၁) ‘ရွှေ့တယ်’ ဆိုတာက ညနေအထိကိုယ်လေနဲ့ဝယ်ထားတဲ့ပစ္စည်းကို ပြန်မရောင်းရသေးရင် သိမ်းဖို့ငွေကလဲမရှိရင် ဒါမှမဟုတ် မနက်ဖြန်ဈေးတက်မယ်ထင်လို့ တစ်ရက်လောက် အောင်းထားချင်ရင် ရွှေ့ခပေးပြီး တစ် ရက်ရွှေ့လို့ရပါတယ် ရွှေ့ခကတစ်ခါတစ်လေ ဝယ်သူကပေးရသလို တစ်ခါတစ်ရံ ရောင်းသူကပေးရပါတယ် ဘယ်ဘက်ကမှမပေးရဘဲ ‘ ဒဲ့ ‘ ရွှေ့လို့ရတဲ့အခါလည်းရှိပါတယ် ရွှေ့ခကလည်းတစ်ကျပ်သားကို 100 ကနေ 1000 အထိရှိတတ်ပါတယ် ရွှေအကြောင်းသိကောင်းစရာ(၂၂) ‘ လမ်းကြောင်းကိုင် ‘ ဆိုတဲ့အလုပ်ကလဲ ပဲကုန်သည် ဆီကုန်သည် လောကမှာမရှိဘဲ ရွှေကုန်သည် လောကမှာပဲ ရှိတဲ့အလုပ်လို့ထင်ပါတယ် ပွဲစားတို့ ဝယ်ရောင်းတို့ ဆိုတာကတော့ ကုန်သည်လောကတိုင်း စီးပွားရေးလောကတိုင်းမှာ ရှိမှာပါ အမှတ်(၂၀) မှာပြောခဲ့တဲ့ လမ်းကြောင်းစနစ်နဲ့ ဝယ်ရောင်းလုပ်တဲ့သူတွေဟာ တစ်နေ့တည်းမှာ အကြိမ်များစွာ လူများစွာဆီက ဈေးအမျိုးမျိုးနဲ့ ဝယ်လိုက်ရောင်းလိုက် လုပ်တတ်ပါတယ် အားလုံးကိုစာရွက်ထဲမှာပဲ […]


Zaw AungJune 14, 20141min3936
ရွှေအကြောင်းသိကောင်းစရာ(၁၉) လေပတ်ကားဆိုတာလဲ ရွှေလောကမှာတစ်ချိန်က တော်တော်ခေတ်စားခဲ့တဲ့ စကားလုံးပါပဲ ပတ်ကားရိုက်တယ်ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာဖြစ်နိုင်ပါတယ် ဥပမာ- ရွှေတစ်ပိဿာ နောက်တစ်ပတ်နေရောက်မယ် ခုနှစ်သိန်းနဲ့ရောင်းပေးမယ် ဝယ်မလား ဝယ်မယ်ဆိုရင် ပတ်ကားရိုက်လိုက်တယ်လို့ပြောကြတယ် အဲဒီနေ့မှာ ခြောက်သိန်းဈေးဖြစ်ဖြစ် ရှစ်သိန်းဈေးဖြစ်ဖြစ် ခုနှစ်သိန်း နဲ့ပဲအရောင်းအဝယ်လုပ်ရတယ် လေပတ်ကားဆိုတာက တော့ ရောက်မယ့်ပစ္စည်း ချေဖို့ငွေမရှိဘဲနဲ့ အရောင်းအဝယ်လုပ်ထားကြပြီး အဲဒီနေ့ပေါက်ဈေးနဲ့ အရှုံးအမြတ်ရှင်းကြတာကိုခေါ်တာပါ ရွှေအကြောင်းသိကောင်းစရာ(၂၀) ‘လမ်းကြောင်း’ ဆိုတာကတော့ ခုလောလောဆယ် ရွှေဈေးကွက်မှာ အသုံးတွင်ကျယ်နေတဲ့စကားတစ်ခုပါ ရွှေရောင်းမယ်ဆိုရင် လမ်းကြောင်းရောင်းမှာလား ရေမြန်ရောင်းမှာလားလို့ ပြန်မေးလိမ့်မယ် လမ်းကြောင်းဆိုတာကအမှတ်(၈)မှာပြောထားသလို ဈေးတက်ရင်ပြန်ရောင်းမယ်စိတ်ကူးနဲ့ စာရင်းမှတ်ပြီးဝယ်မယ့်လူကိုပြောတာ သူ့ကိုရောင်းထားလို့ကတော့ ရော့ရွှေ ပေးငွေဆိုပြီး သွားပြောလို့မရဘူး စောင့်ပေတော့ ညနေငါးနာရီအထိ အဲဒီအချိန်ရောက်မှနောက်ဆုံး ပစ္စည်းသိမ်းပြီး ငွေထုတ်ပေးတဲ့ ဝယ်သူလက်ထဲကို ကိုယ့်ပစ္စည်းအပ်ပြီးငွေထုတ်ယူရတယ်


Zaw AungJune 11, 20141min2272
ရွှေအကြောင်းသိကောင်းစရာ(၁၇) ငွေပိုရင်ရွှေဝယ်စုရင်ကောင်းမလား ဘယ်မှာဝယ်ရမလဲဘယ်လိုရွှေမျိုးဝယ်ရမလဲမေးကြတယ် ငွေဘယ်လောက်ပိုလဲ ဘယ်လောက်စုချင်လဲ ပေါ်မှာမူတည်ပါတယ် တစ်ဆယ်သားဘိုးလောက်စုချင် ရင်တော့ အကယ်ဒမီတံဆိပ်ရွှေတုံးဝယ်တာအကောင်းဆုံးပေါ့ အခုပေါက်ဈေးနဲ့ဆို သိန်းခုနှစ်ဆယ်ကျော်ကျမယ်ကျွန်တော့ဆိုင်မှာလဲဝယ်လို့ရပါတယ် တစ်ဆယ်သားဘိုးမပြည့်ရင်တော့ တစ်မတ်သား ငါးမူးသား အခေါက်လက်စွပ် နဲ့ တစ်ကျပ်သားကနေ ငါးကျပ်သားအထိ အခေါက်လက် ကောက်တွေ ဝယ်စုလို့ရပါတယ် ့ ရွှေအကြောင်းသိကောင်းစရာ(၁၈) အလျော့တွက်ဆိုတာကို သိချင်ကြတဲ့သူတွေအတွက်ပြောပြပေးပါမယ် လက်ကောက်တို့ ဆွဲကြိုးတို့လုပ်တဲ့အခါရွှေ တုံးကိုအရည်ကျိုရပါတယ် ပြီးရင်လိုအပ်တဲ့ပုံစံရအောင်နန်းကြိတ်ရပါတယ် အပြားအလုံးလိုအပ်သလိုပေါ့ ပြီးရင်လိုချင်တဲ့ ပုံစံအရွယ်ရအောင်ဖြတ်တောက်ရပါတယ် နောက်ဆုံးအဆင့် ဂဟေဆော်ပြီးရင် အချောကိုင်အရောင်တင်ရပါတယ် လုပ်ရတဲ့လုပ်ငန်းစဉ် အဆင့်တိုင်းမှာ ရွှေအမှုန်အမွှားတွေ အလေအလွင့်ရှိပါတယ် အဲဒီအလေအလွင့်ကို အလျော့တွက်လို့ခေါ်ပါတယ် အဲဒါကြောင့် ရွှေထည်ပစ္စည်းဝယ်တဲ့အခါ အလျော့တွက်ပေးရတာပါ ရွှေတုံးဝယ်ရင်အလျော့တွက်ပေးစရာမလိုပါဘူး


Zaw AungJune 10, 20141min2132
ရွှေအကြောင်းသိကောင်းစရာ(၁၅) ရွှေဆိုင်တွေမှာပြင်ပရွှေ မဝယ်ပါဆိုတဲ့ဆိုင်းဘုတ် အကြောင်းလဲ မေးကြတယ် ဘာကြောင့်မဝယ်တာလဲပေါ့ ဘောက်ချာပျောက်သွားတဲ့ ရွှေ မိဘဘိုးဘွားဆီကအမွေ ရထားတဲ့ရွှေ တွေငွေလိုရင်ဘယ်မှာသွားရောင်းရမလဲပေါ့ ရွှေဆိုင်တွေ ပြင်ပရွှေမဝယ်တာက ခိုးလာတဲ့ရွှေဖြစ်မှာစိုးလို့ပါ ခိုးလာတဲ့ရွှေဆို သူခိုးဖမ်းမိတာ နဲ့ ကိုယ့်ဆိုင်မှာ လာသိမ်းသွားရော အဲဒါကြောင့်မဝယ်တာပါ ကိုယ့်ဆိုင်မှာဝယ်နေကျဖောက်သည် တစ်ယောက်အကြောင်းတစ်ယောက်သိပြီး ရင်းနှီးနေတဲ့သူ စိတ်ချရတဲ့သူဆီကဆိုဝယ်ပါတယ် ရွှေအကြောင်းသိကောင်းစရာ(၁၆) ရွှေ ငွေဈေးကောင်းပေးဝယ်သည်လို့ ဆိုင်းဘုတ်တင်ထားတဲ့ ဆိုင်လေးတွေ အကြောင်းလဲမေးကြတယ် သူတို့ကဘာလို့ဝယ်တာလဲပေါ့ သူတို့ကစွန့်စားပြီးဝယ်တာ ဈေးကိုနှိမ်ဝယ်တာပေါ့ တစ်ချို့ဆိုတစ်ဝက်ဈေးလောက်ပဲပေးတယ် လာရောင်း တဲ့လူတွေကလဲ အမျိုးစုံရှိတာပဲလေ ရိုးရိုးသားသား ဘောက်ချာပျောက်လို့ လာရောင်းတဲ့လူ ခရီးသွားရင်းလမ်းစရိတ်ပြတ်လို့ လာရောင်းတဲ့လူရှိသလို ခိုးလာပြီး လာရောင်းတဲ့လူလဲရှိတာပေါ့ သူခိုးမိလို့ ပစ္စည်း လာသိမ်းတော့လဲပေးလိုက် မမိတော့လို့လာမသိမ်းတော့လဲ မြတ်မြတ်ကလေးစား လိုက်ပေါ့


Zaw AungJune 9, 20141min56310
ရွှေအကြောင်းသိကောင်းစရာ(၁၄) ရွှေအကြောင်းလေ့လာရင် နဝရတ်ကိုးပါးလက်စွပ်အကြောင်းလဲသိသင့်ပါတယ် ၁။ ပတ္တမြား ဘုန်းတောက် ၂။မြကျောက် အေးချမ်း ၃။စိန်စွမ်း ဂုဏ်ရောင် ၄။ကြောင်ကား သိဒ္ဓိ ၅။နီလာ မေတ္တာကဲချုပ် ၆။ဂေါ်မိတ် ခွန်အား ၇။ဥဿဖရား ကျန်းမာ ၈။သန္တာ ကြီးကဲ ၉။ပုလဲ ကျက်သရေ နဝရတ်အစွမ်း ကိုးသွယ်တည်း။ ရှေးပညာရှိများ၏ အဆိုအမိန့်ဖြစ်ပါသည်။ ရွှေအကြောင်းသိကောင်းစရာ(၁၅) ရွှေဆိုင်တွေမှာပြင်ပရွှေ မဝယ်ပါဆိုတဲ့ဆိုင်းဘုတ် အကြောင်းလဲ မေးကြတယ် ဘာကြောင့်မဝယ်တာလဲပေါ့ ဘောက်ချာပျောက်သွားတဲ့ ရွှေ မိဘဘိုးဘွားဆီကအမွေ ရထားတဲ့ရွှေ တွေငွေလိုရင်ဘယ်မှာသွားရောင်းရမလဲပေါ့ ရွှေဆိုင်တွေ ပြင်ပရွှေမဝယ်တာက ခိုးလာတဲ့ရွှေဖြစ်မှာစိုးလို့ပါ ခိုးလာတဲ့ရွှေဆို သူခိုးဖမ်းမိတာ နဲ့ ကိုယ့်ဆိုင်မှာ လာသိမ်းသွားရော အဲဒါကြောင့်မဝယ်တာပါ ကိုယ့်ဆိုင်မှာဝယ်နေကျဖောက်သည် တစ်ယောက်အကြောင်းတစ်ယောက်သိပြီး ရင်းနှီးနေတဲ့သူ စိတ်ချရတဲ့သူဆီကဆိုဝယ်ပါတယ်


Zaw AungJune 8, 20141min2994
ရွှေအကြောင်းသိကောင်းစရာ(၁၂) ရွှေထုတ်လုပ်မှု ( ရွှေတူးခြင်း ) အကြောင်းအကြမ်းဖျင်းပြောပြပါမယ် မြစ်စပ် ချောင်းစပ်မှာသဲမှုန်ထဲမှာ ရောပါနေတဲ့ ရွှေမှုန်တွေကို ဒယ်အိုးတစ်လုံးနဲ့ တစ်နိုင်တစ်ပိုင် ကျင်ကြတာမျိုးရှိသလို ရွှေမှုန်တွေပါတဲ့ မြေကြီးတွေကို တောင်တွေကို ဘူဒိုဇာကြီးတွေနဲ့ ဖြိုပြီး အမှုန့်ကြိတ်စက်ထဲထည့်ပြီး စက်ကြီးတွေနဲ့ ကျင်တဲ့လုပ်ငန်းလဲရှိပါတယ် အဓိကလုပ်ငန်းစဉ်ကတော့ အမှုန့်ဖြစ်အောင်လုပ်ပြီး ရွှေမှုန်တွေကို ဖမ်းယူတဲ့နည်းပါပဲ ရွှေထွက်တဲ့ဒေသက တောတောင်တွေ မြစ်ချောင်းတွေမှာ ရွှေကျင်ကြသလို ရန်ကုန်မှာလဲရွှေကျင်တဲ့ လုပ်ငန်းတွေရှိပါတယ် ဘုရားမှာရွှေချရာက ထွက်လာတဲ့အလေအလွင့်တွေ ပန်းတိမ်ဖိုကထွက်လာတဲ့ အမှိုက်တွေကနေ ရွှေကိုပြန်ကျင်ယူတဲ့ လုပ်ငန်းပေါ့ ရွှေပါဝင်တယ်လို့ထင်ရတဲ့ ကျောက်တုံးတွေ မြေကြီးတွေ ရှိရင်လဲ သူတို့နဲ့ဆက်သွယ်ပြီးစမ်းသပ်ကြည့်လို့ရပါတယ် ရွှေအကြောင်းသိကောင်းစရာ(၁၃) ရှေးဟောင်းရွှေဒင်္ဂါးပြား ဈေးကွက်လဲရှိပါတယ် 1900 ခုနှစ်ဝန်းကျင်ကထုတ်တာပါ ရွှေရည်က ၁၄ ပဲ နှစ်ပြားရှိပါတယ် ရွှေချိန်တွေက တစ်မတ်သား ငါးမူးသား တစ်ကျပ် […]


Zaw AungJune 6, 20141min3333
ရွှေအကြောင်းသိကောင်းစရာ (၁၀) အမှတ်(၇)မှာ အကယ်ဒမီနဲ့ဘသန်း တံဆိပ်ရွှေတုံးအကြောင်းပြောခဲ့တယ် အဲဒီရွှေတုံးတွေက ရွှေချိန်အတိအကျမရှိဘူး ပုံမှန် (standard) တုံးတွေက 10 ကျပ်သားနဲ့ 10 ကျပ် 7 ရွေးကြားထဲမှာရှိတယ် အဲဒီထက်လျော့သွား ပိုသွားရင် ရောင်းတဲ့အခါ တစ် ကျပ်သား ငါးရာ တစ်ထောင်လောက် ဈေးလျော့သွားတယ် မြန်မာနိုင်ငံမှာ အစိုးရကထုတ်တဲ့ ရွှေ ဒင်္ဂါးပြားတွေရှိတယ် တစ်မတ်သား ငါးမူးသား တစ်ကျပ်သားကနေ နှစ်ဆယ်သားအထိ ထုတ်တယ် အစိုးရထုတ်ကတော့ စက်ကြီးတွေနဲ့လုပ်တာဖြစ်တဲ့အတွက် ရွှေချိန် အတိအကျထွက်တယ် ဒါပေမယ့် အစိုးရသတ်မှတ်တဲ့ တစ်ကျပ်သားအလေးချိန်နဲ့ ကုန်သည်တွေ အရောင်းအဝယ်လုပ်တဲ့ တစ်ကျပ်သားအလေးချိန်က မတူဘူးဖြစ်နေတယ် အစိုးရကတစ်ကျပ်သားကို 16.328gram သတ်မှတ်ပြီးအပြင်မှာက 16.606 gram သတ်မှတ်တယ် ဒီတော့အစိုးရထုတ် တစ်ကျပ်သား ဒင်္ဂါးကိုရွှေဈေးကွက်မှာ လာရောင်းရင် ရွှေဈေးကွက်က […]