Swal Taw YwetJune 7, 20171min1708
ပေါ်ပင်လိုက်တာတော့မဟုတ်။ တကယ် ဖြစ်နေတဲ့နေရာမှာ တကယ်ရောက်နေတဲ့ ရွာသားတယောက်အနေနဲ့ သတင်းပို့ပေးတာပါ။ ဇွန်လ၅ ရက်နေ့ မှာ ကာတာနိုင်ငံကို ဆော်ဒီ အီဂျစ် ဘာရိန်း ယူအေအီး စတဲ့နိုင်ငံတွေ က သံတမန်အဆက်အသွယ် ဖြတ်ချလိုက်တယ်။ လေကြောင်းပျံသန်းမှုတွေ ရပ်ပလိုက်တယ်။ ဆော်ဒီဆို ကုန်းလမ်းတွေပါ ပိတ်ပစ်လိုက်တယ်။ မျက်နှာချင်းဆိုင်နိုင်ငံက ရေလမ်းမှာသူ့ ဆိပ်ကမ်းတွေ အသုံးပြုခွင့် ပိတ်ပစ်လိုက်တယ်။ ကာတာ အစုရှယ်ယာတွေ ဈေးကျသွားခဲ့တယ် ( ဒီနေ့မနက် ပြန်တက်လာတယ်တဲ့ ) ရေနံဈေး နဲနဲ မြင့်တက်သွားတယ်။ သတင်းတွေမှာတော့ စိုးရိမ်ပူပန်မှုတွေကြောင့် အစားအသောက်တွေ ဝယ် စု ကြလို့ အဓိက Shopping Mall တချို့ မှာ စားသောက်ကုန်တွေ ပစ္စည်းပြတ်ကုန်တယ်လို့ ပြောနေကြတယ်။ ကျနော် ကာတာမှာ လုပ်နေတာပါ။ […]