အမရပူရလို့ခေါ်တဲ့တောင်မြို့ ကိုရောက်ရင် တောင်သမန်အင်းကိုသွားတဲ့လမ်းမှာ “ရွှေဂူကြီး”ဆိုတဲ့ဘုရားရှိပါတယ်။ အဲဒီဘုရား ထဲကိုဝင်မယ်ဆိုရင် ဒီအုဌ်ကျောင်းကြီးကို ဖြတ်သွားရပါတယ်.။ ကျနော်လဲအရင်က အမှတ်တမဲ့ပါဘဲ။ ဒီတစ်ခါအဲဒီကျောင်းပျက်ကြီးကိုသေချာကြည့်မိမှ ပိုလို့ စိတ်ဝင်စား ပိုလို့ နှမျောစိတ်တွေဝင်လာပါတယ်။ ဒါကြောင့်လဲ ဒီကျောင်းအပျက်ကြီးကို ဒေါင့်ပေါင်းစုံကနေ ဓါတ်ပုံပေါင်းများစွာရိုက်ခဲ့ပါတယ်။ အားလုံးကြည့်ရအောင်တင်ပေးလို်က်ပါမယ်။ ဒါလေးက အနောက်ဘက်ခြမ်းက နံရံပုံပါ။ ဒီပုံလေးကတော့ တောင်ဘက်ခြမ်းက ဒီကျောင်းလေးပေါ်ကိုတက်တဲ့လှေခါးပျက်လေးပါ။ ဒါက အရှေ့ဘက်ခြမ်းက နံရံလေးပါ။


အမရပူရခေတ်က ထင်ရှားတဲ့ဘုရင်တစ်ပါးဖြစ်တဲ့ဘိုးတော်ဘုရားရဲ့ကောင်းမှု့ဖြစ်တဲ့ ပုထိုးတော်ကြီးဘုရား ကိုရှု့ဒေါင့်အမျိုးမျုးိကရိုက်ထားတဲ့ပုံတွေဖြစ်ပါတယ်။ တောင်သမန်အင်းမြောက်ဘက်အဆုံးမှာရှိပါတယ်။ စေတီတော်မှာထူးခြားတာကတော့ အောက်ခြေပါတ်ပါတ်လည်မှာ စကျင်ကျောက်ကို အသုံးပြုပြီးထွင်းထုထားတဲ့ ငါးရာ့ငါးဆယ်နိပါတ်တော် တွေရှိနေတာပါဘဲ။ ဘုရားပါတ်ပါတ်လည်မှာတော့ ခရေပင်တွေ ရှိပါတယ်။ ဖူးမျှော်ကြည့်လိုက်ကြရအောင်နော်။ ပုံအနေအထားလေးတွေကတော့ ဆင်တူရိုးမှားလေးတွေပါ။ ဒေါင့်တစ်ဒေါင့်နဲ့ တစ်ဒေါင့် မတူအောင်ရိုက်ပြပေးထားပါတယ်။


ဆည်းဆာချိန်ရောက်တော့အလင်းရောင်လေးကလဲ ခပ်ဖျော့ဖျော့လေးဘဲရှိနေပါတယ်။ ပုထိုးတော်ကြီးဘုရားရဲ့မြောက်ဘက်ခြမ်းမှာတော့ ထန်းပင်ကောက်ကောက်လေးက မိုးကိုထောင်တက်လို့နေပါတယ်။ သူ့နံဘေးမှာကတော့ ခြုံနွယ်ပိတ်ပေါင်းတွေကြားကအနီရောင်ဘုရားအိုအိုလေးကိုတွေ့လို်က်ရတော့ ဘယ်ကိုလွမ်းရမှန်းမသိလွမ်းသလိုလို။ ဒါပေမယ့်လည်း အိမ်အပြန်လမ်းဆိုတော့လဲ ခပ်မြန်မြန်ကြည့် လက်သွက်သွက်နဲ့ကင်မရာခလုပ်ကိုနှိပ်လို့ ခပ်သော့သော့လေးဘဲ လွမ်းလိုက်ရပါတယ်။ အမြန်ခေတ်ကိုဗျ။


ပုထိုးတော်ကြီးဘုရား အရှေ့ဘက် ဝင်ပေါက်မှာဘုရားလေးတစ်ဆူရှိပါတယ်။ ဒီစေတီလေးကို ထန်းပင်ညိုညိုတွေကဝိုင်းထားပါတယ်။ ထန်းပင်တွေက ဘုရားကဘုရားကိုမိုးထားပါတယ်။ ကျနော်ရောက်သွားချိန်ကလည်း နေဝင်ချိန်လေးပါ။ ရှည်လျားတဲ့ထန်းပင်ညိုညိုရယ် ဆည်းဆာရောင်အိုအိုရယ် ကြားမှာ ထုံးသင်္ကန်းတွေဆက်ကပ်ထားတဲ့စေတီလေးကတော့ ဖြူဖွေးနေပါတယ်.။ လှပပြီးလွမ်းစဘွယ်ကောင်းသောမြင်ကွင်းလေးပါ။


ဒီညောင်ပင်ကြီးက မန်းလေးကနေ စစ်ကိုင်းကိုသွားတဲ့ လမ်းမကြီးပေါ်မှာရှိနေတာပါ။ အရင်ကတော့ ဒီညောင်ပင်အိုကြီးမှာ အုတ်ခုံတွေနဲ့ ဟန်ကျပန်ကျ။ အခုတော့ လမ်းချဲ့ထွင်တဲ့အခါမှာ ဒီညောင်ပင်က အုတ်ခုံကလဲ ဖျက်ချတဲ့အထဲမှာပါသွားပါတယ်။ ကျနော်ငယ်စဉ်ကတည်းက တောင်မြို့ကိုသွားသွား စစ်ကိုင်းကို သွားသွား မကြာခဏအကြိမ်ပေါင်းများစွာ သူ့နံဘေးနားက ဖြတ်သွားခဲ့ပေမယ့်ဒီအပင်ကြီးကို အမှတ်တမဲ့ပါဘဲ။ အခုလမ်းဖျက်မှ သတိထားမိပါတော့တယ်။ အပင်အိုပေမယ့် စိမ်းစိုတဲ့အရိပ်တွေကိုပေးနေဆဲ့။ အရိုးပြိုင်းပြုင်းထနေပေမယ့် အားမာန်တွေရှိနေဆဲ။ ဒီအပင်ကြီး ရဲ့အသက်အတိအကျမသိပေမယ့် ကျနော့်ထက် အသက်ကြီးတာတော့ သေချာပါတယ်။ စဉ်းစားကြည့် မိ တွေးကြည့်မိပါတယ်။ ကျနော်တောင် ့သူလောက် အသက်ရှည်ပါမလား? တကယ်လို့ ရှည်တယ်ဆိုရင်တောင်မှာ သူလို့အားမာန်အပြည့်ရှိနိုင်ပါမလား? ဆိုတာကိုပါ…………………………………


အစိမ်းရောင်က လူကိုအေးမြစေပါတယ်။ အပူထဲကနေပြီး စိမ်းစိုနေတဲ့သစ်ပင်တွေများကြည့်လိုက်ရရင် ရင်ထဲမှာ အေးချမ်းသွားတတ်ပါတယ်။ အဝါရောင်ကတော့ တောက်ပဝင်းလက်ပြီး လူကိုတက်ကြွစေပါတယ်။ အရိပ်ဆိုတာကတော့ လူတိုင်းလိုချင်တောင့်တတဲ့ နေရာတစ်ခုပါဘယ်။ အလင်းဆိုတာကတော့ လိုအပ်ပေမယ့် လဲ ကြာလာတော့ ပူလောင်ပါတယ်။ ကောင်းမူ့တော်ဘုရားရောက်ခဲ့တဲ့နေ့က နေတော်တော်လေးပူပါတယ်။ အဲတော့ အရိပ်ကောင်းကောင်းလိုက်ရှာရင်း သစ်ပင်စိမ်းစိမ်းကြားမှာ ရွှေရောင်ဝင်းပနေတဲ့ စေတီကြီးကို ထင်းကနဲမြင်လိုက်ရပါတယ်။ ရင်ပြင်တော်တစ်ခုလုံးရော ရွှေရောင်ဝင်းနေတဲ့စေတီကြီးရော လင်းလက်တဲ့နေရောင်အောက်မှာ………………. အစိမ်းရောင်စိုတောက်နေတဲ့သစ်ပင်လေးကိုမြင်လိုက်တော့ နည်းနည်းတော့ မျက်စိအေးသွားပါတယ်။ အဲဒီအချိန်မှာ အလင်းရောင်အောက်မှာ အရိပ်သေးသေးလေးကိုပေးထားတဲ့ ခေါင်းလောင်းကအရိပ်ကလေးကို မြင်လိုက်တဲ့အခါမှာ ရင်ထဲမှာနည်းနည်းလေတော့အေးသွားသလိုခံစားလိုက်ရပါတယ်။ လူ့ဘဝကြီးမှာလဲ တစ်နေ့နဲ့တစ်နေ့ မောပန်းမှု့တွေနဲ့ကြုံတွေ့နေရပါများတော့ ဒီလိုအရိပ်သေးသေးလေးကို မက်မောနေရင်းနဲ့ဘဲ ဘဝနေဝင်ချိန်ကိုရောက်မှန်းမသိရောက်သွားကြပါတော့တယ်။


တောက်ပတဲ့အဖြူရောင် ရှေးက ကောင်းမူ့တော်နဲ့ ဝင်းလက်တဲ့ကောင်းမှု့တော် ဘယ်လိုကွာခြားသွားသလဲ ဘယ်လိုခံစားမှု့ပြောင်းသွားသလဲဆိုတာ သိရအောင်ယှဉ်ပြပေးပါမယ်။ ကောင်းမူ့တော်ဘုရားပေမယ့် မတူတဲ့ အမြင်နဲ့ရိုက်ထားတာလေးတွေ ထပ်တင်ပေးပါအုံးမယ်။


ကျနော်ငယ်စဉ်ဘဝကတည်းကမြင်ရတဲ့ ကောင်းမှု့ တော် ဘုရား စေတီတော်ကတော့ ထုကြီးမားပြီးလုံးဝန်းနေတဲ့(တပြည်လူံးမှာ ပုံစံတူမရှိဘူးလို့ထင်တဲ့) ဘုရားမှာ ကပ်လှူထားတဲ့ထုံးသင်္ကန်းအရောင်ကတော့ ဖြူဖွေးတောက်ပလို့ နေပါတယ်.။ ညအခါမှာ အဝေးက နေ ဖွေးနေတဲ့မြင်ကွင်း စစ်ကိုင်းတောင်ပေါ်က နေ့အခါကြည့်ရင် ဖွေးလက်တောက်ပနေတဲ့ မြင်ကွင်းကတော့ အခုထိရင်ထဲမှာ စွဲထင်နေဆဲပါ။ 2011 ခုနှစ်မှာတော့ စေတီတော်ကြီး အား ရွှေသင်္ကန်း ပြောင်းလဲလို့ ကပ်လှူလိုက်ပါတယ်။ ဒီတော့လဲ ရွှေရောင် ဝင်းပလို့ နေပါတယ်။ အရင်နဲ့ ယခု ယှဉ်ကြည့်လို့ရအောင်ပြန်တင်ပေးလိုက်ပါတယ်။ ပထမတစ်ခါတင်ပြီးသားကို ဖျက်လိုက်လို့ ပြန်တင်ပေးတာပါ။ ဒါက အနိးကပ်မြင်ကွင်းပါ အဝေးမြင်ကွင်းကိုလဲ တင်ပေးပါမယ်။


တက်သိမ်းအင်းလို့အရင်ကခေါ် အခုတော့မန်းလေးကန်တော်ကြီးလို့ ပြောင်းလဲခေါ်တဲ့ကန်ကြီးက သုံးပိုင်းရှိပါတယ်။ လမ်းမကြီးရဲ့တောင်ဘက်ခြမ်းက ရေပြင်ကျယ်ကြီးတစ်ခု။ လမ်းမကြီးရဲ့အနောက်မြောက်ဘက်ခြမ်းမှာ ရေပြင် မကျယ်တကျယ့် ကတစ်ခု။ အခုပုံထဲမှာပါတဲ့ ကန်လေးကတော့ အရှေ့တောင်ဘက်ခြမ်းပေါ့။ ဒီတံတားပျက်လေးက အစကတော့ ကြမ်းကျုးိတို့ကျဲတဲနဲ့ကူးလို့ အသုံးပြုလို့ရပါသေးတယ်။ နောက်တော့ တံတားပျက်က အဆံကို ထင်းလုပ်ဖို့ ချုးိသွားကြတဲ့အခါမှာတော့ ငုတ်တိုင်တွေသာ ကျန်တော့ တဲ့ တံတားအိုလေးပေါ့။ သူ့ကု အသုံးပြုလို့ရအောင် ပြန်လည်ပြင်ဆင်ပေးမယ့် သူကိုမျှော်နေရှာပါတယ်။ အရင်က ဒီနေရာလေးက ရေအပြည့်ရှိတဲ့နေရာလေးပါ။ ဒီနှစ်မှာတော့ ကန်တော်ကြီးကို ပြန်ပြီး နက်အောင်တူးမယ်ဆိုတော့ ရေထပ်မသွင်းပါဘူး။ သစ်ပင်လေးက တော့ အရင်က ရေလည်ကျွန်းလေးလိုဖြစ်နေပါတယ်။ အခုတော့ ကန်အလည်မှာ အထီးတည်းရပ်နေတဲ့ သစ်ပင်လေးပေါ့။ ဒီပုံလေးက လှလို့တင်ပေးတာ မဟုတ်ပါဘူး။ ရင်ထဲမှာခံစားမှု့တစ်ခုခု ကျန်မလားလို့ ……………………………….


ဒီစိတ်ပုတီးကြီးကတော့ စစ်ကိုင်းမြို့ငါးထပ်ကြီးဘုရား စောင်းတန်းအဝင်ဝမှာချိတ်ဆွဲထားပါတယ် တောင်ဘက်က ပုတီးတစ်ကုံး မြောက်ဘက်က ပုတီးတစ်ကုံးပေါ့။ စစ်ကိုင်းကိုလာရင် စစ်ကိုင်းတောင်နဲ့ကောင်းမှု့တော်ကိုသာအရောက်များကြပါတယ်။ ဒီငါးထပ်ကြီးဘုရားကတော့ စစ်ကိုင်းမြို့ အနောက်ဖျားမှာရှိတော့ အရောက်အပေါက်နည်းပါတယ်။ ဘယ်လိုအသုံးဝင်သလဲဆိုတာထက် ထူးဆန်းတယ်လို့ ထင်တာကြောင့် တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် ဒီပုတီးရှိတယ်ဆိုတာ သတိမထားလို့ မသိခဲ့ပါဘူး။ ဒီနေရာလေးကို ညွှန်ပြပေးတဲ့ အဝေးက မငယ်ကို ကျေးဇူးတင်ရှိပါတယ်။ နောက်လဲ မငယ်ညွန်ပြပေးတဲ့နေရာက ပုံတွေကိုဆက်တို်က်တင်ပေးပါမယ်။


ကောင်းမူ့တော်ဘုရားမှာရှေးကတည်း က မြင်ရဘူးတဲ့လှေကားလေးပါ။ စေတီတော်ကြီးရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့လှေကားလေးပါ။ စေတီတော်ကို ပြုပြင်သန့်ရှင်းတဲ့အခါသုံးတဲ့သံလှေကားလေးပါ။ မော့ကြည့်ရုံနဲ့ကို မြင်ရတာမောပါတယ်။


ထူးထူူးခြားခြား ထဲက ပိုပြီးထူးခြားတဲ့ပုံစံရှိသော စေတီတော်ကြီးဖြစ်ပါတယ်။ စစ်ကိုင်းတောင်ပေါ်ကနေလှမ်းကြည့်ရင် လွမ်းမိလောက်အောင် ကို ဖြူဖွေးနေတဲ့စေတီကြီးက အခုတော့ ရွှေရောင်အတိဝင်းနေတဲ့ရွှေစေတီကြီးဖြစ်သွားပါပြီ ဖူးမျှော်တော်မူကြပါကုန်လော့