“မန္တလေး ကန်တော်ကြီး(တက်သိမ်းအင်း)အရှေ့မြောက်ဘက်ခြမ်းမှကျုးကျော်တဲကလေးမီးလောင်ခြင်း” (ဖြေရှင်းသင့်တဲ့ ကိစ္စလေးတစ်ခု) 1997ခုနှစ်က အခုကန်တော်ကြီးဖြစ်လာမယ့် ကန်စွန်းခင်းတွေနဲ့ပြည့်နေတဲ့ ဒေါနခြံရပ်ကွက်မှာ မန်းစည်ပင်ရဲ့စီမံမူ့နဲ့ တစ်ထပ်ကို အခန်းဆယ်ခန်း နဲ့ သုံးထပ်တိုက်ခန်းလေးတွေရှစ်တွဲတိတိ ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီမြေကွက် မှာနဂိုမူလ နေထိုင်သူတွေကို အိမ်ထောင်စုဇယားတစ်ခုကို တိုက်ခန်းတစ်ခန်းစီပြန်ပေးပါတယ်။ ကျပ်တစ်သိန်းခွဲကို အရစ်ကျနဲ့သွင်းရပါတယ်။ အများအားဖြင့် အဲဒီမူလပိုင်ရှင်တွေက ကိုယ်တိုင်မနေဘဲပြန်ရောင်းသွားကြတာများပါတယ်။ ကျန်တဲ့တိုက်ခန်းတွေကိုတော့ စည်ပင်သာယာကနေ ဝယ်လိုသူကိုပြန်ရောင်းခဲ့ပါတယ်။ အစကတော့ ဒီတို်က်ခန်းလေးတွေက မြိုစွန်ကျတော့ ဈေးသိပ်မရ။ နောက်တော့တက်သိမ်းအင်းကို ကန်တော်ကြီးမြို့ပြဖွံ့ဖြိုးမှု့စီမံကိန်းအသွင်နဲ့ဆောင်ရွက်လိုက်တဲ့အခါ တက်သိမ်းအင်းမှာအရင်က ရှိခဲ့တဲ့ကန်စွန်းခင်းနေရာတွေကလည်း စီမံကိန်းနယ်မြေထဲမှာပါဝင်သွားပါတယ်။ အဲဒီနေရာတွေကို စည်ပင်သာယာက စီမံကိန်းဝင်မြေအဖြစ် သိမ်းယူခဲ့ပါတယ်။ သိမ်းယူလိုက်တဲ့မြေအတွက် နစ်နာကြေးပေးတယ်ဆိုတာကတော့အကြမ်းဖျဥ်းသိရပါတယ်။ ဘယ်လောက်ရတယ်ဆိုတာကိုတော့ မသိပါဘူး။ အသိမ်းခံရသူတွေကတော့ သူတို့မြေလို့ဘဲ ပြောနေကြတာကို သိရပါတယ်။ အဲဒီနေရာတွေကို ဘယ်သူပိုင်ဆိုင်ခဲ့တယ်ဆိုတာကလဲ မြေစာရင်းဌာနကဘဲသိနိုင်ပါမယ်။ […]