” ရှေးစကား ကိုလိုက်နာခြင်း”   မြင်ပါ များတော့ ငယ်။ နမ်းပါ များတော့ ပျယ်။ ဆိုလေတော့ တစ်ခါတစ်လေ မနမ်း မမွှေး ဝေးနေတာဘဲ ကောင်းပါတယ်။ ကိုပေါက်( မန္တလေး) ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၄၁၁၁၇


“ဘဝခရီးသွား” လှေလေးတစ်စီးနဲ့ ခရီးအသွားမှာ တခဏအတွက် နေရာ ရ သူရ မရသူ  မရ ထသူ ထ ထိုင်သူ ထိုင် ရပ်သူ ရပ် စောင့်သူ  စောင့် အလှည့်နီးသူ နီး အလှည့်ဝေးသူ ဝေး ငေးသူ ငေး မျှော်သူ မျှော် တစ်ချိန်တော့ လိုရာရောက်မယ်ဆိုတဲ့ မျှော်လင့်ချက် ကိုယ်စီ နဲ့ပေါ့။   လူ့ဘဝ ဆိုတာ မရေရာခြင်းတွေကို ယုံစား အချိန်များကို အရင်းအနှီးလုပ် မသေချာတဲ့ မရေရာခြင်းတွေကို လောင်းကြေးထပ် ရပ်တန့်မရနိုင်တဲ့ အိပ်မက်တွေကို အဖော်ပြုရင်း တစထက် တစ လုံးပါး ပါး အစားထိုးမရတဲ့ နုပျိုခြင်းတွေကို မသိမသာ ချန်ထား အဆုံးသတ်မှာ ဘာမှမကျန် ဗလာချန်ထားခဲ့ရတာလေ။   […]


ဖြူလွလွငွေရည်ကလေးများ သစ်ရွက်ကလေးပေါ်တွဲလွဲခိုရင်း မြေပြင်ကိုတစက်ချင်းဆင်း နှင်းငိုချင်းချနေသလိုပါလား။ အလွမ်းတွေဝေနေတဲ.ဆောင်း အဖြစ်ဟောင်းလေးတွေကိုသတိရအောင်၊ သူမို.မြင်သူလွမ်းအောင်လုပ်ရက်တယ်။ ဒီအကြောင်းပြန်ပြောင်းပြောပြတော. သူပြန်ပြောတဲ.စကား “‘ဒါဆန်းသလား သဘာဝပါ”တဲ. ခဲံသားရောင်ကောင်းကင် ထက်က မြေပြင်ကို အတင်းခုန်ဆင်းချင်ကြတဲ.မိုးရေစက် သူငိုချက်ကတော.ရက်စက်တယ် သစ်ရွယ်တွေတောင်မျက်ရည်စို.ပြန်သတဲ. ဒီလိုလေးပြောပြ ပြန်တော. သူပေးလိုက်တဲ.မှတ်ချက် “ပေါရက်လိုက်တာ”တဲ.။ မနက်ခင်းထွက်တဲ.နေလုံးနီ ညပြန်ဝင်တဲ.နုတ်ဆက်နေ ကိုယ်စားချန်ထားခဲ.တဲ.ငွေလမင်း ဖြည်းညင်းစွာသီချင်းဆိုရင်းစီးဆင်းတဲ.မြစ်မင်း ရွက်ကြွေနဲ.အတူအလွမ်းတွေကိုသယ်ယူတဲ.နွေလေပြင်း ခပ်သင်းသင်းလေးမွေးတဲ.ပန်းရနံ. ချစ်ခြင်းကိုသီကျူးတဲ.သီချင်းငှက် သာယာသော အကြောင်းပေါင်းများစွာကိုတင်ဆက်တဲ. ကျွန်တော်ကို စိတ်သိပ်ပျက်နေတဲ.ပုံနဲ. သူကျနော်.ကိုအားပေးလိုက်ပုံက ို ရိုဆိုကြော်ငြာမှာနေတိုးကိုမိုးဟေကို နှာခေါင်းရုုံ.ပြလိုက်တဲ.အတိုင်းပါဘဲ