ခလေးခိုးယူသူများနဲ့ပါတ်သက်လို့ ဆက်လက်ရရှိတဲ့သတင်းကတော့ ၃၀/၁၀/၂၀၁၁ ရက်နေ့က မနက်(၁ဝးဝ၀)ခန့်ကဒဂုံမြို့သစ်မြောက်ပိုင်းအမှတ်(၄၉)ရပ်ကွက် ဓမ္မာရုံတွင် မြို့နယ် ရဲတပ်ဖွဲမှ ဒုရဲအုပ် အဆင့် ရှိသူ-ဒုရဲအုပ် ဦးသိန်းဟန်မှ ရပ်ကွက်အတွင်း ရပ်ကွက် လူကြီးတစ်ချို့အားခေါ်ယူ ပြီး ခလေးသူခိုးဖြစ်စဉ်နှင့် ပါတ်သက်၍လာရောက်ရှင်းလင်း ပြောကြားသွားကြောင်း သိရပါတယ် ။ ထိုသူမှပြောကြားရာတွင် ကလေးသူခိုးဖြစ်စဉ်မှာအမှန်မဟုတ်ကြောင်း ခွေးခိုးခြင်းသာဖြစ်ကြောင်း ၎င်းချင်း လူမျိုး(၃)ဥိး မှာ ခွေးခိုးရန် လာရောက်ကြခြင်းဖြစ်ကြောင်း ခွေးခိုးသည်ကို ကလေးခိုးသည်အထင်နှင့် လိုက်လံဖမ်းဆီးကြခြင်းဖြစ်ကြောင်း ရပ်ကွက် ရုံးတွင် ထိမ်းသိမ်း ထားသောအခိုးခံရသည့် ကလေးမှာလည်း အမှန်တစ်ကယ် အခိုးခံရခြင်းမဟုတ်ကြောင်း အမှတ်(၄၉)ရပ်ကွက် (၅၀)ရပ်ကွက်(၅၁)ရပ်ကွက် များ၏နယ်မြေချင်းဆက်စပ်နေသော လမ်းဆုံမှ လိုင်းကားဂိတ်ရှိ အမှတ်(၆၁)အနီ စစ်ကျန်ဘတ်(စ်)ကားဂိတ် မှ လိုင်းကားတစ်စီးပေါ်တွင် အိပ်ပျော်နေသောကလေး ကလေးတစ်ဦးအား ဘယ်ကမှန်းမသိသောလူများမှ တွေ့ရှိ၍ အမှတ်(၄၉)ရပ်ကွက်ရုံးသို့လာရောက် အပ်နှံချိန်နှင့် တိုက်ဆိုင်သွားသဖြင့် […]