ကျွန်တော်တို့ငယ်ငယ်တုန်းကဖျားနာရင် ဆရာမောင်ဆေးနီမှုန့်သောက် မပျောက်ရင် ဆေးခန်းသွား အခုခေတ်လိုဆေးခန်းကြီးတွေကလဲမရှိ ဂျီပီ တွေဘဲအားကိုးရပါတယ် ဆရာဝန်တွေကလဲငွေမျက်နှာကြည့်တဲ့သူနည်းပါတယ် သင့်တင့်သောငွေအသပြာ ဘဲယူပါတယ် အသပြာဆရာမရှိဘူလားဆိုတော့ ရှိပါတယ်နည်းတယ်ဘဲပြောရမှာပါ အခုခေတ်ကဂျီပီ ဆိုတာ တွေလဲများလာသလောက် ဆေးခန်းကြီးတွေကလဲသူ့ထက် ငါအပြိုင်အဆိုင်ဖွင့်လိုက်ကြတာ ဆေးရုံကြီးတွေကလဲဟောတလုံး ဟောတလုံးနဲ့ အထူကုဆရာဝန်ကြီးတွေကိုလဲသူ့ထက်ငါအပြိုင်အဆိုင်ခေါ်လိုက်ကြတာဆရာကြီး တွေလဲအိပ်ချိန်မှရှိရဲ့လားလို့ထင်ရအောင်ကို ကိုယ်ပိုင်ဆေးခန်းပြေးလိုက် ဆေးခန်းကြီးတွေပြေးလိုက် ဆေးရုံကြီးတွေပြေးလိုက်နဲ့ပြည်သူတွေကျမ္မာရေကို ၂၄ နာရီလောက်ကြည့်ပေးနေကြရတာပါ။ အခုခေတ်မြန်မာပြည်သူဖြစ်ရတာပြည်သူ့ဆေးရုံကြီးတွေ အပြင်ဆေးခန်းလေးတွေ ဆေးခန်းကြီးတွေ ဆေးရုံကြီးတွေနဲ့ ဆရာဝန်တွေဆိုလဲတနှစ်တနှစ်နိုင်ငံတော်က မွေးထုတ်ပေးနေတာနဲမှတ်လို့။ ပြည်သူတွေရဲ့ကျမ္မာရေးအတွက်ဘယ်လောက်ကောင်း လိုက်ပါသလဲ၊ သို့သော်… ကျမာ္မရေးတခုခုဖြစ်လို့ပြည်သူ့ဆေးရုံကြီးသွားလိုက်ရင် ဆေးမရှိ ဆေးဝယ်ပေးအုန်း ကနေစလိုက်တာ ဆေးရုံအပေါက်စောင့်ကလဲလာထား တွန်းလှည်းတွန်းတဲ့လူကလဲ လာထား နောက်ဆုံးရေအိမ်သန့်ရှင်းရေကလဲလာထား နဲ့ကြာတော့မထူးပါဘူးဆိုပြီး ဆရာကြီးတွေရှိတဲ့အပြင်ဆေးခန်းကြီးတွေ ဆေးရုံကြီးတွေသွားပြရော အပြင်မှာကတော့သိတဲ့အတိုင်း ဆရာမလေးတွေကလဲသဘောကောင်း ဆရာကြီး ဆရာလေးတွေကလဲစေတနာအပြည့်ဘာလိုသေးသလဲ လိုသေးတာက ဆေးခန်းကြီးတွေ ဆေးရုံကြီးတွေအချို့အချို့ပေါ့လေဘယ်တာကထွက် တယ်မသိ ရက်လွန်ဆေးတွေပေးနေတာ […]