တွေးချင်ရာတွေး ငေးချင်ရာ ငေး သစ်ပင်တွေဟာ အေးချမ်းလွန်းတယ်။ သူတို့မှာ . . . . အမုန်းတွေမရှိဘူး . .အငြိုးတေးလည်းမရှိ် အတ္တကင်းတယ် . . .အပူပင်မဲ့တယ် အပြုံး အငိုသူတို့မသိ . .နတ္ထိဆိုမှနတ္ထိရယ်ပါ။ ကြည့်ပါအုံး . . . . ငှက်ကလေးတွေလည်းဝဲပျံလို့ လေနှင်ရာလွင့်တယ်။ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းဆိုသလိုပဲ . . နားတဲ့အခါနား . . ပျံသွားတဲ့အခါပျံသွားလေရဲ့။ သစ်ပင်တွေဟာ . .သူတို့ရဲ့နားခိုရာလေးပါ။ ထာဝရအတွက်မဟုတ်ပေမယ့် တခဏတာနားခိုကြလေရဲ့။ အစာဝလို့ ဌာနကိုပြန်ထွက်သွားတော့ ့နားခိုခဲ့တဲ့ ကိုင်းဖျားလေးကိုခြေနဲ့ခတ်ခဲ့လေရဲ့ ကိုင်းဖျားလေးတွေမှာတော့တဆတ်ဆတ်နာလို့။ နားကြည်းမိသလိုမဲ့ပြုံးတစ်ချက်ပြုံးတယ် ဒီလိုပါပဲ အဖြည့်ခံဘဝဆိုတာ။ သစ်ရွက်စိမ်းလေးတွေမှာနှင်းစက်တွေတွဲလဲခိုနေပြီလေ ဪ . . .ဆောင်းတောင်ယွန်းပါပေါ့လား။် တောင်ခိုးတဝေဝေနဲ့တောင်စဉ်တန်းတွေလည်းအေးချမ်းလှရဲ့။ မြူမှုံတွေသိုင်းရစ် […]