moesatrainJune 2, 20101min1896
-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ စာလေးတွေပို့စေချင်တာလဲဆိုတာကို … ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို… ကောင်မလေးတွေကတကယ်စားချင်နေတာမဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမာ္ဘမှာနေချင်လို့ပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင်လိုချင်တာလဲ…. ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ကောင်လေးတွေဝယ်ပေးမှာလား မဝယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက် ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်ကောင်လေးကိုအလုပ်ကြိုးစား ခိုုင်းတာလဲဆိုတာကို…. ကောင်မလေးတွေက ကောင်လေးလာတောင်းမဲ့နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ. ကောင်မလေးတွေလဲ အဘွားကြီးတယောက်အသွင်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကောင်လေးအပေါ် ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။ —-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်တိုရင် လမ်းခွဲမယ်လို့ပြောတာလဲ ကောင်မလေးတွေတကယ်လမ်းခွဲချင်လို့မဟုတ်ပါဘူး။ […]