မြန်မာပြည်က မိတ်ဆွေတယောက်က အီးမေလ်းနဲ့ပို ့လိုက်တာပါ။ စာက ရှည်သမို ့The Voice ဂျာနယ်ကို တောင်းဆိုထားတာတွေရယ်။ အိပ်ဖွင့်စာကို မိတ္ထုကိုပို့တဲ့ လူ၊ဌာနစာရင်းပါတဲ့ စာမျက်နှာရယ်ပဲ တင်လိုက်ပါတယ်။ အဲဒီစာက ၂၀၀ရ ကအဖြစ်အပျက်ကိုညွှန်းထားတာဆိုတော့ မဖတ်ဖူးသူတွေအဖို့ ဘာကိုဆိုလိုချင်နေမှန်းသေချာမသိရပေမဲ့ မြန်မာပြည်ရဲ့ စာပေစိစစ်ရေး လုပ်ထုံးလုပ်နည်းတချို ့ကတော့ စာသက်သေနဲ့တကွ ကျန်ရစ်တယ် မြင်မိပါတယ်။ ဆောင်းပါးတစောင်ကိုပို့ရာမှာ စာမျက်နှာ(၄)မှာရေးသားချက်အရ..“ လုပ်ငန်းသဘောအရ ယင်းစာမူကို ဝန်ကြီးရုံးက ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှုးထံသို့ ပို့ရကြောင်း။ ထိုမှ စာပေစိစစ်ရေးသို့ပို ့ကြောင်းပြောကြားခဲ့ပါသည်” ဆိုထားပါတယ်။ ပြောတဲ့သူက (အဲဒီတုံးက)သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဖြစ်ပါသတဲ့..။ ဝန်ကြီးရုံအပါအဝင်ဌာန၃ခုအနည်းဆုံးပါဝင်ပါတ်သက်နေတာ တွေ့ရပါမယ်။ ဒီတော့ စာပေစိစစ်ရေးဆိုတာက လူတွေသာမန်အမြင်ထဲမှာ …လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကို ပိတ်ဆို့ ရိုက်ဖျက်နေတဲ့ စာပေကင်ပေတိုင်ဌာနကြီး ဖြစ်နေပေမဲ့ အဲဒါကြီးအပေါ်မှာ […]