စင်ကာပူနိုင်ငံသို့လာရောက်လည်ပတ်ရန်(မြန်မာနိုင်ငံသားများ)အတွက် Visa (ဗီဇာ ပြည်ဝင်ခွင့်)လုပ်ရန်လိုအပ်သည်။ ဗီဇာကို ၂မျိုးလျှောက်ထား နိုင်သည်။ (၁) မြန်မာနိုင်ငံရှိ စင်ကာပူသံရုံးသို့ သွားရောက်လျှောက်ထားခြင်း (၂) အွန်လိုင်းမှလျှောက်ထားခြင်း (၁) သံရုံးတွင် လူကိုယ်တိုင်သွားရောက်လျှောက်ထားမည်ဆိုလျှင် (i) သက်တမ်းခြောက်လကျော်ကျန်ရှိသည့် နိုင်ငံကူးလက်မှတ် Passport (ii) စင်ကာပူနိုင်ငံသား (သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့်ရသူ PR (သို့မဟုတ်) စင်ကာပူနိုင်ငံမှ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်၏ ခေါ်စာနှင့် I.C (Identification Card) မိတ္တူ (iii) လေယာဉ်လက်မှတ် အသွားအပြန် (နှစ်လ နေမည်ဆိုလျှင် ၃လ လက်မှတ်ဝယ်ပါ၊ လေးငါးရက် နေမည်ဆိုလျှင် နှစ်ပတ်လက်မှတ်ဝယ်ပါ) (iv) Application Form for a Visa (Form IMM […]