ဆူးDecember 12, 20111min76927
စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး လို့ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန် ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့ မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့တာကြောင့် အခုဆေးရုံတင်ထားရကြောင်း တရုတ်ဘာသာနဲ့ရေးသားထားတဲ့ သတင်းစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အိမ်ပေါ်လုပ်နေသူ တစ်ဦး ဖြစ်မည်လို့ ခန့်မှန်းရပါတယ်။ ယင်းမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ အိမ်အကူအလုပ်သမား ရှာဖွေပေးရေးအေဂျင်စီမှ ထွက်ပြေးလာတာဖြစ်ပါတယ်။ မျက်မြင်များ၏ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့အစွန်းကပန်းခင်းပေါ်မှာ မက်တက်ရပ်ပြီး လက်တွေကိုဆန့်တန်းကာ အောက်ကိုခုန်ချတာ လို့သိရပါတယ်။ တက်စီမောင်းသူတစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပါတယ်။ ၎င်းအမျိူးသမီးဟာပြုတ်ကျလာတဲ့ အချိန်မှာသစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ်ကျပြီး သစ်ကိုင်းလည်းကျိုးကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က […]