မျက်ရည်စက်တွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ငါ့ဘဝ အကြင်နာကင်းမဲ့တဲ့ လူ့လောကအလည်မှာ ထမင်းတစ်နပ်တောင် ဝမ်းမဝခဲ့ပေ မင်းတို့ပြောတဲ့ မေတ္တာတရားတွေအောက်မှာ အမုန်းလက်နက်တွေကို အလှဆင်ခြင်းလား သောကကို ပုခုံးမှာလွယ်နေတဲ့ ငါ့ဘဝကတော့ ခါးသီးတဲ့ထမင်းထုပ်ကို ဟန်လုပ်ပြီးမစားချင်တော့ဘူး အမှိုက်ဆိုပြီး ထားခဲ့တဲ့ မိဘတွေ အခုတော့ အကြင်နာတရားကင်းမဲ့ဇုန်မှာ ရပ်တည်တက်နေပြီလား ဘာကြောင့်များ လောကထဲကိုတွန်းပို့ရက်တာလဲဟင် မျက်ရည်ကအဖော်လား အမုန်းကအဖော်လား ရယ်စရာကောင်းလိုက်တာဗျာ စာနာပေးပါ အသင်လောက ချစ်ခြင်းမရှိတော့တဲ့ ပတ်ဝန်းကျင်မှာ နစ်မျောမယ့်အစား လေလွင့်နေတဲ့စိတ်ကဗျာလေးကို သွေးမျက်ရည်အဖြစ် ဖန်ဆင်းမထားရင် ငါကျေနပ်ပါပြီ ပိတောက်မိုး