ပြင်ဦးလွင်က မီးပုံးပျံပွဲတော် ဒီနှစ်တန်ဆောင်တိုင်ပွဲတော်ရက်မှာတော့ စတင်ကျင်းပကတည်းကနေ တစ်ခါမှ မ ရောက်နိုင်သေးတဲ့ တောင်လှေကားမြို့တော်ရဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဆီ အရောက်သွားဖြစ်ခဲ့ပါတယ်။ ကျင်းပတဲ့နေရာလေးက ပြင်ဦးလွင်မဟာအံ့ထူးကံသာ (ပြည်ချစ်) ဆုတောင်းပြည့်ဘုရားရဲ့ တန်ဆောင်တိုင်ပွဲတော်မှာ ကျင်းပတာပါ။ ယခင်ကတည်းက ပြည်တွင်းပြည်ပ ဧည့်သည်တွေနဲ့ အမြဲစဉ်ကားနေတဲ့ ပန်းမြို့တော်မှာ ပြင်ဦးလွင်မဟာအံ့ထူးကံသာ (ပြည်ချစ်) ဆုတောင်းပြည့်ဘုရားရဲ့ ဘေးက ပွဲတော်ကျင်းပရာ ကွင်းကြီးထဲမှာ ခြိမ့်ခြိမ့်သဲသဲပါပဲ။ ပွဲတော်မှာ နေ့မီးပုံးပျံအလှပြိုင်ပွဲ၊ ညမီးပုံးပျံအလှပြိုင်ပွဲ၊ မသိုးသင်္ဏန်းရက်ကမ်းခတ်ပူဇော်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘောလီဘောပြိုင်ပွဲ၊ နေ့ ညမီးပုံးပျံအလှဓါတ်ပုံပြိုင်ပွဲတွေ စသည်ဖြင့်ပါဝင်ပါတယ်။ ပိုက်ကျော်ခြင်းပြိုင်ပွဲ မီးပုံးပျံပြိုင်ပွဲမှာ နေ့အရုပ်မီးပုံးပျံ ၄ဝ လုံး၊ စိန်နားပန်မီးပုံးပျံ ၂၆ လုံး၊ ညမီးကျည်မီးပုံးပျံ ၁၉ လုံး၊ စုစုပေါင်း ၈၅ လုံး လွှတ်တင်ပါတယ်။ […]