Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Diamond KeyMay 8, 20124min64328
မန္တလေးတဝိုက်မှာ လူသိများ စည်ကားတဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်တွေ ထဲမှာ အမရပူရက ရွှေကြက်ယက်ဆုတောင်းပြည့် ဘုရားက ကဆုန်ညောင်ရေသွန်းပွဲတော် ပါသလို မန္တလေး အောင်မြေသာစံမြို့နယ် ဗောဓိကုန်းရပ်ကွက်က မဟာဗောဓိပင်ဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော် ကလည်း မန္တလေးမှာ အထူးစည်ကား လူသိများပါတယ်။ ဒီဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်က ကောဇာသက္ကရာဇ် ၁၂၂၂ ခုနှစ်မှာ ပဉ္စမသင်္ဂါ်ယနာတင် မင်းတုန်းမင်းကြီး စိုက်ပျိုးတော်မူခဲ့တဲ့ မဟာဗောဓိပင်ကို နှစ်စဉ်မပျက် ကဆုန်ညောင်ရေသွန်းပူဇော်ပွဲမို့ သမိုင်းဝင်ဖြစ်ကာ ပိုစည်ကားပါတယ်။ နှစ်စဉ်မပျက် ကျင်းပလာခဲ့တဲ့ ဒီ မဟာဗောဓိပင်ဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်ဟာ ဒီနှစ်မှာဆို ၁၅၂ ကြိမ်မြောက် ကျင်းပတာပါ။ ဒီပွဲတော်ကို ဒေသခံတွေ၊ အနယ်နယ် အရပ်ရပ်က ဧည်သည်တွေ တစ်ကူးတက ရောက်ကြတာမို့ ဒေသထွက် စားစရာတွေ၊ ကလေးတွေ အတွက်ပျော်ပါးစရာတွေ၊ ပွဲတော်လာတွေကို ဖြေဖျော်တာတွေ နဲ့ […]


Diamond KeyApril 7, 20122min54543
အိမ်သစ်က မိတ်ဆွေသစ်လေးတွေကို မော်ဒယ်ထားပြီး ရိုက်လိုက်တာပါ။ ပုံစာတွေကိုတော့ ကိုယ့်စိတ်ကြိုက်သား ဖြည့်ဖတ်ပါတော့။ စိန်သော့ လက်ဆော့ထားပါတယ်။ https://www.facebook.com/KKDPC


Diamond KeyMarch 28, 20125min126351
ဟိုနားဒီနား ခရီးလေးတွေ သွားရတာကို ကျွန်တော်နှစ်သက်တယ်။ ခရီးသွားရတာက အလုပ်တာဝန်တွေနဲ့ တစ်နေ့တစ်နေ့ ပင်ပန်းနေတဲ့ စိတ်ကို အပန်းပြေစေတယ်။ ဒေသန္တရ ဗဟုသုတတွေ ရတယ်။ ဓါတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ကျွန်တော်အတွက် ပုံသစ်လေးတွေလည်း ရတယ်လေ။ တစ်နေ့က ကိုပေါက်က ဒီးဒုတ်ရေတံခွန်ရောက်ဖူးလားလို့ မေးပါတယ်။ ဒီးဒုတ်ရေတံခွန် ဆိုတာ မကြားဖူးလို့ ဘယ်နားလဲ ပြန်မေးလိုက်တော့ ရဲရွာရေအားလျှပ်စစ်စက်ရုံ သွားတဲ့ လမ်းမှာတဲ့။ ရုံးပိတ်ရက်မှာ ရွာသားတွေ သွားမယ် လိုက်ခဲ့လို့ ဆိုလာပါတယ်။ ကိုပေါက်ရယ်၊ ဖရဲမရယ်၊ သွားမယ့်နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် မန္တလေးရောက်လာတဲ့ ရွာသားလေး ကိုထွန်းဝင်းလတ် အပါအဝင် ရွာသားအုပ်စုကို ကိုပေါက်ဦးဆောင်ပြီး ဒီးဒုတ်ရေပြာစမ်းဆီ ချီတက်ကြပါတယ်။ မန္တလေး – ပြင်ဦးလွင်လမ်းအတိုင်း မန္တလေးကနေထွက်ခဲ့တာ ၁၆ မိုင်အလွန် အရောက်မှာ ရဲရွာရေအားလျှပ်စစ်စက်ရုံ […]


Diamond KeyMarch 12, 20124min68626
နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၉ ရက်နေ့ထိမှာတော့ မြန်မာနိုင်ငံရှိ ထင်ရှား ကျော်ကြားတဲ့ ဘုရားစေတီတော်များမှာ တစ်ဆူအဖြစ်အပါအဝင် ဖြစ်ကာ ကင်းဝန်မင်းကြီးရဲ့ စခန်းစဉ်လင်္ဏာမှာ “အရှေ့မှာရွှေစာရံ၊ ပုဂံ အနောက်၊ တောင်မြောက်ယင်မြော၊ သီဟတော” လို့ဖေါ်ပြထားခဲ့တဲ့ ကျော်လေးဆူ (ရွှေစာရံ၊ ရွှေစည်းခုံ၊ ရွှေယင်မျှော်၊ အညာသီဟတော) စာရင်းဝင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က သမိုင်းဝင် သစ္စာဓိဌာန် ရွှေစာရံ စေတီတော်မြတ်ကြီးရဲ့ ဘုရားပွဲတော်ကြီးကို ချိန့်ချိန့်သဲသဲ စည်ကားစွာနဲ့ ကျင်းပပြုလုပ်ပါတယ်။ ရွှေစာရံ စေတီတော်မြတ်ကြီးကို သွားရောက်ဖုးမြှော်မယ်ဆိုရင် မန္တလေးကနေ  မန္တလေး – ပြင်ဦးလွင် နှင့် ရှမ်းပြည်မြောက်ပိုင်းသို့ သွားရာ ကားလမ်းမကြီးအတိုင်း ၁၃ မိုင်ရှိ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာဆီ၊ ထိုမှတစ်ဆင့် အုန်းချောလမ်းခွဲမှ ၃ မိုင် ၂ […]


Diamond KeyFebruary 5, 20123min57915
မြန်မာ့အလှကို ကောင်းကင်ကနေ ခံစားကြသူများ မြန်မာနိုင်ငံ အထက်အညာ ဒေသက ဟေမာန်ဆောင်းကာလ၊ ဖေဖေါ်ဝါရီလ မနက်ခင်းက အေးစိမ့်လှပါတယ်။ မန္တလေး အမရပူရက တောင်သမန်ဝန်းကျင်ကတော့ ဆောင်းမနက်ခင်း လင်းအာရုံ နှင်းဝေဝေအောက်မှာ တိတ်ဆိပ်စွာ အိပ်မောကျလျှက်ရှိနေပါတယ်။ ဒီလို အေးချမ်းတိတ်ဆိပ်နေတဲ့ လင်းအာရုံ မနက်ခင်းစောစောမှာ စောစီးစွာ နိုးထကာ တောင်သမန်အင်းစောင်းမှာ လှုတ်တရွရွ ဖြစ်နေသူ တစ်စုကတော့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိကာ သိပ်လှတဲ့ မြန်မာ့ရှုခင်းတွေကို ကောင်းကင်ယံက ခံစားကြမယ့် ဆွစ်ဇာလန်နိုင်ငံက မိုးပျံပူဖောင်း ချန်ပီယံ Mr.Peter Blaser ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၂၄ ဦးပါဝင်တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့က မြန်မာနိုင်ငံကို ၁၄ ကြိမ်မြောက် အဖြစ် မိုးပျံပူဖောင်းတွေနဲ့ ၁၅ ရက်ကြာ လာရောက် […]


Diamond KeyDecember 13, 20113min64630
ရှုမဆုံးတော့ပြီ………….. (Panorama) Panarama Photos ဆိုတာက မြင်ကွင်းကျယ် (မြင်ကွင်းရှည်) ပုံလေးတွေပါ။ ကျွန်တော် ဓါတ်ပုံပညာ စတင်လေ့လာတဲ့ လွန်ခဲ့သော အချိန်တွေ တုန်းက ဆိုရင် Digital နည်းပညာတွေကလည်း ဒီလို မထွန်းကားသေးတော့ မြင်ကွင်းကျယ် ဓါတ်ပုံတွေ ရလိုရင် ဓါတ်ပုံတွေကို “ဖြတ်ညှပ်ကပ်”  (ဆက်မဲ့ ပုံတွေကို ဆက်ကြောင်းရှာပြီးဖြတ်၊ မသိသာအောင်ညှပ်၊ ပြန်ကပ်) တွေ လုပ်ပြီး ဖန်တီးရပါတယ်။ ခုနောက်ပိုင်းမှာ Digital နည်းပညာတွေကလည်း တိုးတက်လာတော့ Panorama ရိုက်လို့ရတဲ့ နည်းပညာ ပါတဲ့ ကင်မရာ၊ (တစ်ချို့ အပျော်တမ်း ကင်မရာလေးတွေ မှာတော့ ရိုးရိုးမြင်ကွင်းကိုပဲ အပေါ်နဲ့ အောက် အမဲဘောင် ကာလိုက်ပြီး ပုံရှည် ဖြစ်သွားသယောင် ကင်မရာမျိုးကိုတော့ Panorama ရိုက်လို့ရတဲ့ […]


Diamond KeyDecember 12, 20113min47718
ပန်းမြို့တော်က ပန်းပွဲတော်ဆီ ပြင်ဦးလွင်မြို့က လူကြိုက်အများဆုံး ပွဲတော်တွေထဲမှာ တစ်ခုပါဝင်တဲ့ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ပန်းပွဲတော်ကြီးကို ဒီနှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပပါမယ်။ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဒီပွဲက ဒီနှစ်မှာ ပဉ္စမအကြိမ်မြောက်ပါ။ ပြပွဲမှာ ပန်းမျိုးစိတ် အမျိုးအစား ၄ဝ ကျော် လောက်ပါမယ်။အရေအတွက် ကတော့ ပန်းပေါင်းနှစ်သိန်းခွဲလောက်ပြသသွားမယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာ ပြမဲ့ ပန်းမျိုး စိတ်တွေက ပြည်တွင်း မျိုးစိတ်တွေအပြင် တရုတ်နဲ့ဂျပန်က မျိုးစိတ်တွေလည်းပါတယ်လို့ ဆိုပါတယ်။ အခုကျင်းပမည့် ပန်းပွဲတော်ဥယျာဉ် ဧရိယာအတွင်းမှာ ပန်းမန်သစ်ပင်တွေကို ပန်းပွဲတော်အမီ သုံးလခန့်အချိန်ယူပြီး အကောင်းဆုံးနှင့် အထူးခြားဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ မနှစ်က စတုတ္ထအကြိမ်မြောက် ပန်းပွဲတော်ကာလတုန်းက ပြည်တွင်းပြည်ပက ဧည့်တွေ နှစ်သိန်းကျော်ခန့် ရောက်ခဲ့ကြပြီး ဒီနှစ် ကျင်းပမည့် ပဉ္စအကြိမ်မြောက် ပန်းပွဲတော်ကို […]


Diamond KeyNovember 30, 20113min43229
ဓါတ်ပုံပညာ မှတ်စုများ (၄)                      မှတ်စု (၃) မှာ ဓါတ်ပုံရိုက်ရင် ပုံကောင်းလေးတစ်ပုံ ရစေဖို့ မှန်ကန်တဲ့ အလင်းပေးမှု (Correct Exposure = CE) ရှိရန် အဓိက ပူးတွဲ ထိမ်းချုပ်ရတဲ့ Aperture (အလင်းဝင်ပေါက်)၊ Shutter Speed (အလင်းတံခါး အမြန်နုန်း) နဲ့ ISO (အလင်းစွဲနုန်း၊ အလင်းသိရှိ လက်ခံနိုင်မှု မြန်နုန်းအဆင့်) ဆိုတာတွေ ထဲက အပါချာ အကြောင်းလေးကို စပြောဖြစ် ခဲ့ပါတယ်။ ဒီနေ့ဆက်ပြောမှာက Shutter Speed အကြောင်းလေးပါ။ ကင်မရာမှာ ပြင်ပကလာတဲ့ ပုံရိပ် (အလင်း) မှန်ဘီလူးကို ဖြတ်ပြီး ပုံရိပ်ဖမ်းတဲ့ နေရာဆီကို လာတဲ့ အခါ မလိုသေးချိန်မှာ (ပုံရိပ်တွေ ၊ […]


Diamond KeyOctober 25, 20113min52813
ကျောက်ဆည် ဝေဘူတောင်က ဖြစ်သွားဖြတ်လာသာ ကျောက်ဆည်မြို့ကို ဖြတ်နေတုန်း ကားပေါ်၊ ရထားပေါ်က တွေ့တွေ့နေရပေမယ့် တောင်ပေါ်မရောက်ဖြစ်တာ ကြာပြီ။ ဝေဘူတောင်ကို ၁၉၉၈ ခုနှစ်ရှေ့ပိုင်းမှ နှစ်ခေါက်နဲ့ ၂၀၀၃ ခုနှစ် မှာ တစ်ခေါက် တက်ခဲ့ဖူးပါတယ်။ အရှေ့နှစ်ခေါက်တုန်းဆီကတော့ စောင်းတန်းလှေကားတွေ ဆီကနေ တောင်ပေါ်တက်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်က ရောက်တုန်းကတော့ တောင်တက် ကားလမ်းကနေ ကားနဲ့ရောက်ခဲ့တာပါ။ မရောက်တာကြာတာနဲ့ အခွင့်ကြုံလို့ တစ်ခေါက်ပြန်တက်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက် ရောက်တော့ တောင်ပေါ်တက်တဲ့ ကားလမ်းလေးကလည်း အရင်နဲ့မတူ တော်တော်ကို ကောင်းနေပါပြီ။ ၂၀၀၃ တက်တုန်းကဆိုရင် လမ်းကလည်းမတ်စောက်နေတော့ ကားတက်နေတုန်း လန့်နေရသေးတယ်။ တောင်ပေါ်စတက်ရင် တွေ့ရတဲ့ လွမ်းမြေ့စေတီ လွမ်းမြေ့စေတီက တောင်စောင်းလေးမှာ တည်ထားတာပါ။ လွမ်းမြေ့စေတီကနေကြည့်ရင် တွေ့ရတဲ့ မြို့ကျောက်ဆည်မြင်ကွင်း ဒီတစ်ခေါက် တောင်ပေါ်ရောက်တော့ […]


Diamond KeyOctober 24, 20115min55915
“တစ်မုတ်မြို့ဟောင်းတစ်နေရာ” ပို့စ်လေးတင်လိုက်တော့ စိန်သော့ကို သမိုင်းဝင်နေရာလေးတွေ ရေးဖြစ်အောင် ရွာထဲမှာ ရှေ့က ဦးဆောင်ပြနေတဲ့ နောင်တော်ကြီး ကိုပေါက် (မန္တလေး) က ကိုစိန်သော့ရေ၊ ရှင်ပင်ရွှေဆပ်သွား ဆိုတာရှိသေးတယ်။ သွားလိုက်ကြရအောင်လို့ ဆိုလာပါတယ်။ ရှင်ပင်ရွှေဆပ်သွား ဘုရားက စိန်သော့ ပထမရောက်ခဲ့တဲ့ တစ်မုတ်မြို့ဟောင်းတစ်နေရာက ရှင်ပင်ရွှေဂူကြီးရဲ့ အရှေ့မြောက် တစ်မိုင်ခန့်အကွာ၊ ကျောက်ဆည်မြို့ကနေ အနောက်ဖက် ၅မိုင်လောက်မှာ တံတားဦးကားလမ်းဘေး၊ ညောင်ရွှေကျေးရွာအနီးမှာ တည်ရှိတာပါ။ တံတားဦးကားလမ်းလေးက လာရင် ဘုရားအဝင်လမ်းထိပ်မှာ ဘုရားမုခ်ဦးကြီးကို တွေ့ရပါတယ်။ ဘုရားအသွားလမ်းတလျှောက်မှာတော့ လယ်ကွင်းတွေ၊ စိုက်ခင်းတွေနဲ့ ကျေးလက်သဘာဝတွေကို တွေ့နေရပါတယ်။ ရှင်ပင်ရွှေဆပ်သွား ဘုရားဆီမှ အရှေ့စူးစူးကို လှမ်းမျှော်ကာ ကြည့်ရင်တော့ ရွှေသာလျှောင်းတောင်၊ မင်းမွေးတောင်နဲ့ ရှမ်းရိုးမတောင်တန်းကြီးတွေက လွမ်းမောစရာ မြင်ကွင်းများပါ။ ဘုရားကြီးရဲ့မူလ ကုသိုလ်ရှင်က အနော်ရထာမင်းတရားကြီး ဖြစ်ပါတယ်။ […]


Diamond KeyOctober 22, 20113min69436
ပြင်ဦးလွင် ရောက်ခဲ့တုန်းက ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။ စိမ်းစိုလှပ အေးချမ်းတဲ့ မြင်ကွင်းလေးတွေမို့ နှစ်သက်သူတွေ အတွက်၊ မရောက်တာ ကြာနေသူတွေ အတွက် လက်ဆော့ထားတာလေးတွေ ရွာထဲမှာ ကြည့်စရာ အဖြစ် တင်လိုက်ပါတယ်။ ပွဲကောက် ရေတံခွန် နဲ့ ကန်တော်ကြီးဥယျာဉ် ကရှုခင်းလေးတွေပါ။


Diamond KeyOctober 19, 20118min435
ဒီရက်ပိုင်းမှာ စိန်သော့သွားဖြစ်နေတဲ့ နေရာတွေက မြန်မာ့သမိုင်းဝင် မြို့ဟောင်းများဆီကိုပါ။ ခရီးကလည်းသွားချင်၊ အချိန်ဆိုတဲ့ အခွင့်အရေးကလည်းမရတော့ နေ့ချင်းပြန်သွားလို့ရတဲ့ နေရာတွေဆီပဲ ရှာဖွေသွားနေမိပါတယ်။ ဒီတစ်ခေါက် ရောက်ခဲ့တဲ့ နေရာလေးက မက္ခရာ။ မက္ခရာ ဆိုတာက သိသူ၊ ရောက်ဖူးသူ နည်းသေးတဲ့ ဘုရင်ထီးနန်းစိုက်ခဲ့သော သမိုင်းဝင် မြို့တစ်မြို့၊ အနော်ရထာမင်းကြီးလက်ထက် သက္ကရာဇ် ၃၉၅ ခုနှစ် တပေါင်းလဆန်း ၁၂ ရက် သောကြာနေ့တွင် တည်တဲ့ “ကင်း ၄၃ မြို့” မှာ တစ်မြို့ အပါအဝင်ဖြစ်တဲ့မြို့၊ မြှောက်စည်၊ ဝင်စည်၊ ထွက်စည်တို့ မြိုင်ဆိုင်ခဲ့တဲ့မြို့၊ ရဲမက်ဗိုလ်ပါတို့ ဆင်များ၊မြင်းများစီးကာ ဓါးရေး၊လှံရေးဝင့်ခဲ့တဲ့မြို့၊ အောင်လံတွေ ရောင်ပြန်မြူးခဲ့တဲ့မြို့၊ တစ်ချိန်က ထီးဖြူဆောင်းခဲ့မြို့တစ်မြို့၊ ဘာသာ သာသနာ ထွန်းကားခဲ့လို့ စေတီတော်တွေ၊ ဂူဘုရားတွေ အများအပြား […]


Diamond KeyOctober 17, 20115min45015
ဒီတနင်္ဂနွေမှာ စိန်သော့ သွားဖြစ်ခဲ့တဲ့ နေရာလေးကတော့ ပထမမြန်မာနိုင်ငံတော်ကြီး ကို စတင်တည်ထောင်ခဲ့သူ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြုမင်းကြီး မင်းမြတ်အနော်ရထာရဲ့ ပုဂံနေပြည်တော်ကြီး စပါးကျီ ဒေသ ဖြစ်တဲ့ လယ်တွင်း ၁၁ ခရိုင် ခံမြို့များထဲမှာ တစ်မြို့ အပါအဝင် ဖြစ်တဲ့ “တမုတ်မြို့ဟောင်း”က တစ်နေရာလေး တစ်ခုဆီကိုပါ။ တမုတ်မြို့ဟောင်း တစ်နေရာ မြန်မာ့အနုပညာ၊ မြန်မာမှု လက်ရာတွေဆိုရင် နှစ်သက်တဲ့ စိန်သော့၊ မြန်မာ့ သမိုင်းဝင်နေရာတွေ ဆိုရင် မက်မက်မောမော သွားချင်တဲ့ စိန်သော့ အတွက် မန္တလေးနဲ့ မနီးမဝေး တစ်နေရာမှာ သွားရမဲ့ နေရာတစ်ခုရဲ့ သတင်းကို ကြားလာရပါတယ်။ ပုဂံမြို့နဲ့ မိုင် ၁၂ဝ ဝေးတဲ့ ကျောက်ဆည်ဒေသမှာ ပုဂံခေတ် လက်ရာ အပြည့်နဲ့ ဂူဘုရားတစ်ဆူ […]