kaiMarch 3, 20111min27412
စိန်ဈေးနှုံးကိုသတ်မှတ်ရာတွင် အောက်ပါအချက်၄ချက်ဖြင့်သတ်မှတ်ပါသည်။ 4C ဟုအတိုကောက်မှတ်နိုင်သည်။ ၁။ Carat -စိန်၏အလေးချိန် ၂။ Clarity -စိန်၏သန့်စင်မှု ၃။ Cut -စိန်၏သွေးကွက်ပုံကျမကျ ၄။ Color -စိ်န်၏အရောင်အသွေး အထက်ပါအချက်၄ချက်သည်တချက်ကိုတချက်မှီခိုမှုရှိသည် ။ဥပမာစိန်၏အရွယ်မှာ၃ကာရက်ရှိပြီးအရောင်မှာအညိုရောင်ဖြစ်နေသည်။ စိန်ကိုရှေးစိန်သွေးကွက်ဖြင့်သွေးထားမည်။သာမန်မျက်စေ့(မှန်ဘီလူးမပါ )ကြည့်ပါကစိန်အတွင်းသားနှင့် မျက်နှာပြင်တွင်အမည်းစက်နှင့်အနာရှိနေပါက စိန်အရွယ်၁ကာရက်ရှိပြီး အဝါရောင်အနေမရှိသောစိန်ကသာလျှင်ပိုတန်ဖိုးရှိလေသည်။ ၁။Carat ရတနာများ၏အလေးချိန်ကိုဖော်ပြရာတွင် ကာရက်ချိန်ကိုသုံးပါသည် မြန်မာပြည်တွင်ရတီချိန်ကိုသုံးသော်လည်း ကမ္ဘာ့ဈေးကွက်တွင်ကာရက်ကိုသာသုံးပါသည်။ ၁ကာရက်=၁.၁ရတီ ၂။ Clarity စိန်၏သန့်စင်မှုကိုအောက်ပါအတိုင်းသတ်မှတ်ပါသည်။ F=Flawless IF=Internally Flawless VVS1=Very Very Small Inclusion VS=Very Small Inclusion S1=Small Inclusion I=Inclusion P=Commercial Use F&IF အဆင့်များသည်၁ဝဆမှန်ဘီလူးဖြင့်ကြည့်ပါကလုံးဝအနာအဆာမရှိခြင်းဖြစ်သည်။ VVS1 မှာသာမန်မျက်စိဖြင့်အနာမမြင်နိုင်ပဲ၁ဝဆချဲ့မှန်ဘီလူးဖြင့်ကြည့်လျှင် အပ်ခေါင်းလောက်ရှိသောအမှုန်ကို ကျောက်မျက်ပညာရှင်ကတွေ့နိုင်ပါသည်။ မြန်မာအခေါ်အရအစင်အသန့်ဟုခေါ်နိုင်ပါသည်။ ဈေးကွက်တွင်VVS1 […]