alinsettJune 29, 20154min188532
ညမင်းသား-ကျနော်နှင့် အတုမမများ ——— ဒီကာလထဲ. . .ကျနော်ဟာ ညပိုင်း Taxi မောင်း တဲ့သူအဖြစ် ရပ်တည်ကြည့်မိတယ်။ (စားဝတ်နေရေးအတွက် လက်တလော လုပ်မိတာပါ။ တသက်လုံး လုပ်ဖို့ မရည်ရွယ်ပါဘူး။ Taxi မောင်းခြင်းဟာ ကျနော့်ဝါသနာလည်း မဟုတ်၊ တသက်တာလုံး လုပ်သင့်တဲ့ အလုပ်အမျိုးအစားလည် မဟုတ်ဘူးလို့ ထင်ပါတယ်။) ညဘက်အချိန်တွေ မြို့ထဲမှာ ကားပတ်မောင်းရင်း လူအမျိုးစုံ၊ အဖြစ်အပျက် အမျိုးစုံကို ကြုံရပါတယ်။ တချို့ အဖြစ်တွေက ရီချင်စရာ။ တချို့အဖြစ်တွေကတော့ စိတ်ရှုပ် စိတ်ညစ်စရာ။ တချို့ အဖြစ်တွေကတော့ ဒေါသထွက်စရာ. . .စသည်ဖြင့် ကြုံရ၊ဆုံရပါတယ်။ အဲ့ဒီ ကြုံရဆုံရတာတွေကို ညမင်းသားတစ်ယောက်၏မှတ်စုများဆိုပြီး အဖြစ်အပျက်တစ်ခုချင်းစီ ပြန်ပြောပြပါရစေ။ ပထမဆုံး အနေနဲ့. . . (ညဘက် […]