မှောင်မည်းတိတ်ဆိတ်သော အခန်းကျဉ်းကလေးထဲမှာ အသက်ကို တပင်တပန်း ရှူရှိုက်နေရစဉ် ညတိုင်း ချောက်ချားနေရမြဲဖြစ်သော အသံတို့က တဖျတ်ဖျတ်နှင့် နားထဲသို့ ဆိုးဆိုးရွားရွား ဝင်ရောက်လာသည်။ ဒါ … အဲဒီအသံ။ ဘုရား ဘုရား … လူ့ဘဝမှာ အသက်ရှင်နေထိုင်ရစဉ် ခဏလေးမှာ အဲဒီအသံတွေက ဘာဖြစ်လို့ ညစဉ်လို လိုက်ပြီး နှိပ်စက်နေရတာလဲ။ လူတဦးတယောက် ဒဏ်ရာတွေ ဗရပွနဲ့ ဒယိုင်းဒယိုင် ပြိုလဲနေတဲ့အ ချိန်မှာ အဲဒီသတ္တဝါတွေက ဒီလောက် နားဝင်ဆိုးလှတဲ့ အသံတွေမျိုးစုံ အော်ဟစ်ပြပြီး ပျော်ရွှင်မြူးထူးပြနေဖို့ မကောင်းဘူးဟု ထင်ပါသည်။ သူတို့မှာ ဦးနှောက်လည်းမရှိ၊ နှလုံးသားလည်း မရှိ၊ ဒါကြောင့် ကိုယ်ချင်းစာတ ရားရှိကြောင်းလည်း စိုးစဉ်းမျှ မျှော်လင့်နေစရာမလို။ ထို့အပြင် သူတို့မှာ (သူတို့ကိုလည်း ရန်မပြုပါဘဲနှင့်) လူတွေကို ရောဂါပိုးပေါင်းများစွာ […]