Yin Nyine NwayFebruary 5, 20111min1480
တရားထူးရခြင်း ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်အဖို့ တရားထူးရခြင်းနှင့်ပတ်သက်၍ ဘာသာရေးစကားဝိုင်းများတွင် မကြာခဏဆွေနွေးကြပါသည်။ တရားထူးရန် မည်သည့်အချက်များ ပြည့်စုံရမည်နည်း။ မည့်သို့ ဖြည့်ကျင့်ရမည်နည်း။ ဘုရားလက်ထက်တော်က တရားတစ်ပိုဒ် ကြားနာရုံဖြင့် တရားထူးရခြင်းနှင့် ယခုခေတ် ဘာဝနာ အထပ်ထပ်ပွါးများပြီးမှ တရားထူးရခြင်း ဘာများ ကွာခြားပါသနည်း စသော မေးခွန်းများအပေါ် အမျိုးမျိုး ထင်မြင်ချက် အကြံပြုချက်များ ဖတ်ရှုရပါသည်။ အချို့က တရားတစ်ပိုဒ်နာကြားရယုံဖြင့် တရားထူးရခြင်းသည် ဝိပဿနာအလုပ် မပါဟုလည်း ထင်ကြသူများလည်း တွေ့ရပါသည်။ သို့နှင့် ဆရာတော်ကြီးများ ဟောကြားချက်များကို ဖတ်ရှုလေ့လာကြည့်မိပါသည်။ မိမိဖတ်ရှုမိသမျှ အချက်အလက်များကို လိုရင်းတိုရှင်း တင်ပြသွားပါမည်။ မိုးကုတ်ဆရာတော်ကြီး၏ တစ်ဘဝသာသနာ စာအုပ်တွင် မြတ်စွာဘုရား ကိုယ်တိုင်ဟောကြားသော အင်္ဂုတ္တိုရ် ပါဋ္ဌိတော်အရ သောတာပန်ဖြစ်ရန် အင်္ဂါ ၄ ရပ်နှင့် ညီရမည်ဟု ဆိုထားပါသည်။ […]