lu ta loneJuly 9, 20101min3264
တရုတ်ပြည်မနှင့် အငြင်းပွားဖွယ် ကုန်သွယ်ရေး စာချုပ်နှင့် ပတ်သက်ပြီး ပါလီမာန် ပထမရက်ဖြစ်သည့် ကြာသာပတေးနေ့တွင် ထိုင်ဝမ် ဥပဒေပြု အမတ်များ အချင်းချင်း ထချကြပြီး ထိခိုက် ဒဏ်ရာများ ရရှိသွားကြသည်။ အာဏာရ ကူမင်တန်ပါတီကြီး၏ အမတ်ဖြစ်သူ ဝူယူရှန်မှာ ခပ်ဝေးဝေးမှ လှမ်းပစ်လိုက်သော ရှေးဟောင်းနာရီကြီး တစ်လုံး မျက်နှာမှန်သွားသောကြောင့် ဆေးရုံ အရေးပေါ်ဌာနသို့ သယ်ဆောင် သွားခဲ့ရသည်။ “သူ့မျက်နှာ တစ်ပြင်လုံး သွေးတွေ ရဲဗလောင်းခနေတာပဲ၊ မျက်စိကို ကွက်တိ ထိသွားတာ” ဟု ဝန်ကြီးချုပ် ဝူဒန်ရီက သတင်းထောက်များကို ပြောပြသည်။ အတိုက်အခံပါတီ Democratic Progressive Party (DPP) ပါတီမှ အမတ် တစ်ယောက်ကိုလည်း အခြား မကျေနပ်သူ အမတ် တစ်အုပ်စုက စင်မြင့်ပေါ်မှ ပစ်ချလိုက်လို့ […]