padonmarApril 18, 20111min23710
ဒီနေ့ဟာ မြန်မာလို တန်ခူးလပြည့်နေ့ပါ။ ရန်ကုန်တရုတ်တန်း ကမ်းနားလမ်းတဝိုက်ကို မိုးတွင်းဒီရေတက်တဲ့ရက်တွေမှာ ဖြတ်သန်းသွားဘူးကြရင် ရေတွေတက်လို့ ကားတွေ ဂျမ်းဖြစ်တာ၊ဓာတ်ဆီကားတွေ ရေဝင်ပြီးထိုးရပ်သွားတာ၊လူတွေ ဒူးလောက်ပေါင်လောက်ရေတွေထဲ ဖြတ်ကြရတာ၊၊အိမ်တွေဆိုင်တွေထဲ ရေတွေဝင်တာတွေ့ဘူးမှာပါ။အထူးသဖြင့် ဘုန်းကြီးလမ်းနဲ့ လသာလမ်းကြားမှာ အဆိုးဆုံးပါဘဲ၊မိုးရွာတာနဲ့များဆုံရင်တော့ ရေတွေပိုကြီး ရေကြီးချိန်ပိုကြာ တတ်တာပေါ့၊အဲဒီတဝိုက်နေသူတွေကတော့ ရိုးနေပါပြီ၊ကိုယ့်အိမ်ထဲ ဆိုင်ထဲကပစ္စည်းတွေ ရေမစိုအောင် မြှင့်ထားတာပေါ့၊ရေထဲ လျှောက်ရတာ ပျော်တဲ့သူတွေလည်းရှိတာပါဘဲ၊ရုံးဆင်းချိန်နဲ့ ကြုံတတ်တော့ မိန်းကလေးတွေလည်း ရှက်မနေနိုင်တော့ဘဲ ထမီတိုတိုဝတ်ပြီး ရေထဲဖြတ်ကြရပါတယ်၊၊ ဒီရေထရက်က လပြည့်နေ့၊လဆုတ် ၁-၂-၃-၄-၅ နေ့၊လကွယ်နေ့၊ လဆန်း၁-၂-၃-၄-၅ နေ့တွေပါ၊ ၃ ရက်နေ့ က ရေအမြင့်ဆုံးတက်လို့ ခေါင်ရေလို့ခေါ်ပါတယ်၊ မနက်ပိုင်းတစ်ကြိမ်။ညနေပိုင်းတစ်ကြိမ်တက်တတ်ပါတယ်၊ ထူးကဲဒီရေတက်မယ့်ရက်ကို သတင်းစာကနေ ကြေငြာပေးတတ်ပါတယ်၊ ထုံးစံကတော့ ဝါဆို။ဝါခေါင်။တော်သလင်း။သီတင်းကျွတ် လေးလဟာဒီရေတက်တဲ့ရာသီပါ။ လွန်ခဲ့တဲ့ ၁-၂ နှစ်လောက်ကစပြီး ကဆုန်မှာ နည်းနည်းတက်လာပါတယ်၊အခု တန်ခူးလပြည့်နေ့မှာရေတက်သွားပါတယ်၊ကမ္ဘာကြီးပူနွေးလာလို့ […]