uncle gyiJune 23, 20161min2251
  တီဗွီဝယ်ပြီးအင်တင်နာမတတ်ရင်ရုပ်ထွက်မကြည်ပါဖူး အချို့အင်တင်နာတွေပိုက်ဆံပေးဝယ်ပြီးတတ်တော့လဲအဆင်မပြေပါဖူး ငွေကုန်တာပဲအဖတ်တင်ပါတယ်ကိုယ်တွေ့ပါ ပိုက်ဆံလည်းမကုန်ကိုယ်တိုင်လဲလုပ်လို့ရတဲ့အင်တင်နာလုပ်နည်းကလေးရှိပါတယ် ရုပ်ထွက်ကလဲကြည်ပါတယ်ကိုယ်တိုင်စမ်းသပ်ပြီးသားပါ လုပ်မယ်ဆို သတ်တုအချိုရည်ဗူး၂ဗူး တမတ်နတ်တိုင်အရှည်၁လက်မ။ ၁လက်မခွဲ တိုင် ၂တိုင် အရှည်၁ပေခွဲခန့်လုံးပတ်၁လက်မ ပီဗွီစီ ပိုက်တချောင်း မီးတိတ်တခွေ အားလုံး၄မျိုးပဲလိုတာပါ ပထမအဆင့် အချိုရည်ဗူး၂ဗူးကိုဗူးဖင်းဘက်မှတမတ်ပေါက်တပေါက်စီဖောက်ပါ ဒုတိယအဆင့် တမတ်နတ်တိုင်တတိုင်စီကိုပုံပါအတိုင်တပ်ဆင်ပါ တတိယအဆင့် ပီဗွီစီပိုက်မှာအချိုရည်ဗူး၂ဗူးကိုပုံပါအတိုင်တလက်မခန့်ခွါပြိီးမီးတိတ်ဖြင့်ပတ်ပါ နေက်ဆုံးအဆင့် တီဗွီအင်တင်နာအဖိုနှင့်အမကြိုးကိုဗူး၂ဗူးတွင်တချောင်းစီတပ်ဆင်ပါ အိမ်ရှေ့အိ်မ်နောက်ဖြစ်စေလွှင့်စက်ရှိသည့်ဘက်ပီဗွီစီပိုက်ကိုဒုတ်တချောင်းဖြင့်အလ ျားလိုက်လှဲ့ချိန် ပေးခြင်းဖြင့်ကြည်လင်ပြတ်သားသည့်အင်တင်နာတချောင်းတပ်ဆင်ရရှိပါပြီ စမ်းသပ်ကြည့်ကြပါကုန်