ဆူးApril 28, 20111min25614
မနက် အိပ်ယာနိးတော့ အိမ်ရှေ့ထွက်ကြည့်တော့ ပိတောက်ပင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်နေကြပြီ။ ရွှေတိဂုံဘုရားဘက်ကို ကားလေးနဲ့ မောင်းပြီး ဘုရားခြေရင်းမှာ လမ်းလျှောက်ရင်း.. တလမ်းလုံး ပိတောက်ပင်ကြီးတွေ သစ်ရွက်စိမ်းစိမ်း မမြင်ရအောင် ဝင်းဝါပြီး ဝါထိန်နေအောင်ပွင့်နေကြပြီ။ ဘုရားခြေရင်းက လမ်းလျှောက်တဲ့ သိင်္ဂုတ္တရ ဥယျာဉ် အတွင်းမှာလည်း နှစ်ချို့ ပိတောက်ပင်ကြီးများ.. တစ်ပင်နှင့် တစ်ပင် အပြိုင်အဆိုင် ပွင့်နေကြရင်း လမ်းလျှောက်သူများ လက်လှမ်းမီသလောက် လှမ်းခူးတဲ့ သူနှင့်.. လမ်းလျှောက်ရင်း ပိတောက်ပန်းကို ကိုင်လျှောက်တဲ့ သူနှင့် ပိတောက်ပန်းများ စီးပွားဖြစ် ပြန်ရောင်းရန် ကြိုးစားပြီး ခူးနေသူများနှင့် ကားရပ်ပြီး ၂၀ဝ ဖိုးပေးပါ ၅၀ဝ ဖိုးပေးပါ ၁၀၀ဝဖိုး ပေးပါဆိုပြီး လှမ်းမေးပြီး ဝယ်နေတာတွေကလည်း အမြင်တမျိုးပေါ့.. ဒီလိုနဲ့ဘုရား ခြေရင်း လမ်းလျှောက်ရင်း အပြန် […]