winkyawaungAugust 31, 20101min2852
14-4-2010 နယူးဒေလီမှ သင်္ကဿ သို့ပြန် နယူးဒေလီမြို့ တော် ဟော်တယ်က နံနက်စာ၊ နေ့လည်စာ စား၍ ထွက်ကြတယ်။ ပထမသွားတဲ့နေရာက ဟိန္ဒူဘုရားကျောင်းကြီးကိုုသွားကြတယ်။ ကမ္ဘာ့အကြီးဆုံး ဘုရား ကျောင်းလို့ သိရပါတယ်။ ကြီးကျယ်ခန်းနားသလောက် အစစ်အဆေး ကလဲ များပါ့ဗျား။ လုံခြုံရေးတွေက အဆင့်ဆင့်ပါ။ သူတို့ဘုရားတွေက လာတဲ့ရန်သူတွေကို မတားဆီးနိုင်တဲ့ သဘောပဲလား။ အကြောင်းစုံကို မေးမြန်းကြည့်တော့ အကြမ်းဖက် မူဆလင်တွေက ဗုံးခွဲမှာကို ကြောက်လို့ စိုးရိမ်းလို့တဲ့ဗျာ..။ ကျွန်တော့် အိပ်ကပ်ထဲက ရေမွှေးပုလင်းသေးသေးလေးကို တောင် မယူရဘူးတဲ့။ဒါနဲ့ ဂိတ်(၃)ဂိတ်မှာ နောက်ဆုံးဂိတ်ကနေ ပြန်ထွက်လာခဲ့ရပါတယ်။ အဲဒီကနေ (BAHA’I HOUSE OF WORSHIP BAHAPUR NEW DELHI .INDIA) ဘဟာအီ သာသနာဝတ်ကျောင်းတော် ဘဟာပူ(ရ်)၊ နယူးဒေလီ၊ […]