etoneJuly 21, 20101min2090
တစ်ခါက အိန္ဒိယဆရာတစ်ဦးမှာ အမြဲတမ်း ညည်းညူ၊ ဝေဖန်ပြစ်တင်ပြောဆိုတတ်တဲ့ တပည့်တစ်ဦးရှိတယ်။ တစ်နေ့မှာဆရာက တပည့်ကို ဖန်ခွက်တစ်လုံးထဲ ဆားတစ်ဆုပ်ထည့် အရည်ဖျော်ပြီး သောက်ခိုင်းလိုက်တယ်။ ပြီးတော့ ဘယ်လိုအရသာ ရှိသလဲလို့မေးတော့ တပည့်က တစ်ငုံ့သောက်ပြီး ချက်ချင်းပြန်ထွေးထုတ်တယ်။ “အရမ်းခါးတယ်” တဲ့။ နောက်တော့ဆရာက ဆားတစ်ဆုပ်ကို အနီးမှာရှိတဲ့ ရေကန်ထဲ ထည့်ပြီး ကန်ရေကို ခပ်သောက်ခိုင်းပြန်တယ်။ ပြီးတော့ အရသာကိုမေးတယ်။ ဒီတစ်ခါတော့ တပည့်က ပြုံးပြုံးလေး ပြန်ဖြေပါတယ်။ “လတ်ဆတ်တယ်” တဲ့။ “ဆားအရသာကို ရသလား” လို့ ဆရာကမေးတော့ “မရဘူး”တဲ့.. တပည့်ကပြန်ဖြေတယ်။ လူ့ဘဝမှာရှိတဲ့ နာကျင်ခြင်းက ဆားနဲ့တူတယ်။ မများဘူးလို့ မဆိုနိုင်သလို နည်းတယ်လို့လည်း မဖြေသာဘူး။ ဒါပေမယ့် နာကျင်ခြင်းကို ခံရတဲ့အခါ ကိုယ်ဘယ်လောက် ခံစားနိုင်သလဲ! နာကျင်ခြင်းကို ခံယူတဲ့ […]