၂၀၀၉ ဖေဖော်ဝါရီ ဖေေဖော်ဝါရီ တလလုံးလည်း ရှေးနည်းအတိုင်း ဆက်သွားကြရပါတယ်။ စာရင်းတွေ အချောသတ်တယ်(ထပ်ခါထပ်ခါ)၊ ဒီရေတောပျိုးပင်တွေလိုက်စစ်တယ်ပေါ့။ ပျိုးပင်တွေကလည်း စီးပွါးဖြစ်စိုက်ရောင်းနေသူသာ စိတ်ဝင်တစားပျိုးထားတာမျိုးဖြစ်ပြီး ကျန်ရွာသားတွေက လှည့်တောင်မကြည့်ကြတော့ပါဘူး။ ဒါပေမဲ့ ဒီအတိုင်းကြီးဆက်သွားရင် ရုံးကိုပါမီးတက်ရှို့ခံရေတော့မယ်ဆိုတာ သဘောပေါက်တဲ့ ကျွန်မတို့ဆရာ Pilot Project (ရှေ့ပြေး ဝေခြမ်းရေး) စခိုင်းပါတယ်။ တရွာကိုအိမ်ထောင်စု ၅စုစီလောက် စ ဝေပါတယ်။ ဝက်တောင်းထားတဲ့ အိမ်ထောင်စုတွေကို ဝေတာပါ။ အဲဒီမှာ ကျန်ရွာသားတွေက သူတို့မရတော့ဘူးထင်ပြီး ရထားတဲ့သူတွေကို မကျေမနပ်ပြောကြတာတွေရှိလာပြန်ပါတယ်။ ပြီးတော့ နောက်ထပ်သတင်းဆိုးတခုက ဝေခြမ်းရေးကို စံနှုန်းသတ်မှတ်ချက်ဘောင်ဝင်အောင်လုပ်ရမယ်ဆိုပြီး ရန်ကုန်ကဖုန်းနဲ့အမိန့်ပေးလာပြန်တာပါ။ ကျွန်မပြောတဲ့ စံနှုန်း (criteria) ဆိုတာဝေခြမ်းရေးလုပ်တိုင်း လိုက်နာရမဲ့ ဦးစားပေးအချက်အလက်တွေပါ။ ရွာတိုင်း ရွာတိုင်း မှာရှိကြသော သက်ကြီးရွယ်အို၊ မုဆိုးဖို၊ မုဆိုးမ၊ မသန်မစွမ်း နဲ့ […]