ဇီဇီOctober 19, 20121min80392
ဟင်? ခေါင်းစဉ်မမှားပါဘူးဗျာ။ လမ်းကိုညွှန်မှာမဟုတ်ပဲ မန်းလေးမှာရှိတဲ့ စားသောက်ဆိုင်တွေကိုညွှန်မှာပါ။ သိသလောက်လမ်းတွေကိုလည်း ပြောပြသွားမှာဖြစ်ပါတယ်။   ဗျာ!!! ကြော်ငြာခ?? မရပါဘူး။ ကြော်ငြာခရလို့တော့မဟုတ်ပါဘူး။ ကိုယ့်လို တစ်မြို့လုံးလည်ပြီး ဆိုင်တကာပေါက်စားကြည့်မဲ့သူတွေ၊ မန်းလေးကိုရောက်လို့ ဘယ်နားဘာကောင်းသလဲ၊ ဘယ်သွားစားရမလည်း မသိတဲ့သူတွေအတွက် ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်။ မန်းလေးမှာရှိစဉ်အခါကရော၊ တစ်နှစ်တစ်ခေါက်ပြန်ဖြစ်တဲ့ အတွေ့အကြုံပေါ်မှာအခြေခံပြီး ရေးမှာဖြစ်တဲ့အတွက် အချို့သောဆိုင်လေးတွေကိုတော့ သူငယ်ချင်းမိတ်ဆွေများရဲ့ အကူအညီယူရပါတယ်ဗျာ။ ဆိုင်အကုန်လုံးလည်းမရေးပါဘူး။ စားဖူး၊ကြိုက်ဖူးမှပဲညွှန်ပါမယ်။ ဥရောပစာကိုတော့ ကိုယ်တိုင်လည်းမကြိုက်တတ်လို့ မညွှန်တော့ပါဘူးဗျာ။ မှန်ခန်းမထဲမှာထိုင်ရတာထက် လမ်းဘေးမှာငေးရင်း ဆိုင်ထိုင်ရတာကို ပိုနှစ်သက်ပါတယ်။ ကဲ စပါပြီ။ မန်းလေးနာမည်ကြီး နန်းကြီးသုပ် (သို့) မုန့်တီသုပ်ကစညွှန်ပါ့မယ်။ မုန့်ဖတ်အကြီးအသေးပဲ ကွာသွားတာပါ။ မုန့်လုပ်နည်းကတော့ တူတူလောက်ပါပဲ။ မန်းလေးစာစစ်စစ်ဖြစ်သောကြောင့် ကြိုက်ရာလက်ဖက်ရည်ဆိုင်(သို့)တွေ့ရာမုန့်တီဆိုင်ဝင်သွားလိုက်ပါ။ ကောင်းသည်ဟုပြော၍ရသော လက်ရာများသာဖြစ်၏။ အခြားနယ်မှလာသောသူများကို အနည်းငယ်ကြွားလုံးလေးများနဲ့ခေါ်ကျွေးလိုပါက ၃၁ လမ်း၊ ၈၄ […]


ဇီဇီOctober 16, 20121min68358
ဒီရွာလေးထဲကို ကိုယ့် တီချယ်ကြီးရဲ့ ဖိတ်ခေါ်မှုနဲ့မနေ့ကပဲ ရောက်တယ်။ အားလုံးဆီကို အကြမ်းဖျင်းလည်ပတ်ပြီး လိုက်ဖတ်လိုက်တာ၊ ရွာထဲက လူတွေအတော် စာရေးကောင်းကြတာပဲကိုး။ ကိုယ့်မှာက ရေးအားက သိပ်မကောင်း၊ ရေးပြီးသား အဟောင်းထဲက မွှေရအောင်ကလည်း လောက်လောက်လားလားမရှိ။ ကိုယ်တိုင်က မန္တလေးကို လွမ်းမှ လွမ်းချင်းတွေ ထွက်လာတာ။ လွမ်းရေးထက် ဝမ်းရေးခက်လေတော့ နေ့တိုင်းလည်း မလွမ်းနိုင်ပါဘူး။ (အဲဒါ တစ်နေ့တစ်ပုဒ် မတင်နိုင်ကြောင်း ကြိုကာထားခြင်းဖြစ်၏။) ဆိုတော့ကာ မနေ့က တီချယ်နုတင်ခိုင်းထားတဲ့ ဟင်းစပ် လေးတွေပဲတင်ပါမယ်။ မန်းလေး အိမ်ကို လွမ်းတုန်းက ဖေ့ဘုတ်မှာ တင်ထားတဲ့ ပို့(စ) ကို နည်းနည်းမွန်းမံထားတာပါ။ အစားအသောက် ဝါသနာ မပါသူတွေတော့ သည်းခံကြပါ။ ဟင်းစပ် (၁၃ ဂျူလိုင်၊ ၂၀၁၂) ဗိုက်ဆာတယ်။ ဗိုက်ဆာတော့ အစားအသောက်တွေ […]


black chawJanuary 12, 20124min33131
ကျွန်တော် ရွာသူရွာသားတွေရဲ့ ပို့စ်လေးတွေအကြောင်းကို အပင်ပန်းခံတူးဆွဖေါ်ပြပေးနေတာဟာ ကျွန်တော် တတ်နိုင်တာလေးနဲ့ လက်ဆောင်လေးတွေပေးနေတယ်လို့ မှတ်ယူပေးကြပါခင်ဗျာ။ သူကတော့ တော်လို့ ငါကတော့ ညံ့လို့ ဆိုတဲ့ သဘောတွေ မပါပါဘူး။ ကျွန်တော် ရေးတင်လိုက်တဲ့ ပို့စ်လေးတစ်ခုက ရွာသူရွာသားတစ်ယောက်အတွက် အမှတ်တရ တော့ ဖြစ်နေမယ်လို့ ထင်ပါတယ်။ မန်းသူမန်းသားတွေရဲ့ မန်းဂဇက် ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ပို့စ်တစ်ခုထဲမှာ အပြည့်ထည့်လိုက်ချင်ပေမယ့် ဆရာမကြီးပို့စ်တွေက ပို့စ်တစ်ခုသီးခြားတင်မှ အဆင်ပြေနိုင်မှာကြောင့် အပိုင်း ၂ ကို ဆရာမကြီး အတွက် သီးသန့်တင်လိုက်ဖြစ်ပါတယ်ခင်ဗျာ။ အင်္ဂလိပ်စာလေ့လာလိုသူတွေအတွက်လည်း ပို့စ်လေးတွေ ပြန်ရှာပြီး လင့်လေးတွေထည့်ပေးထားပါတယ်ခင်ဗျာ။ ဆရာမကြီး TTNU ကတော့ မန်းဂဇက်မှာ BEST TEACHER စီးရီးနဲ့ အခိုင်အမာနေရာတစ်ခု ရရှိခဲ့တာဖြစ်ပါတယ်။ ဆရာမကြီးက အင်္ဂလိပ်စာ သင်ခန်းစာလေးတွေပေးရင်း ဘဝအတွေ့အကြုံတွေလည်းရေးရင်း […]