နွေဦးMarch 7, 20121min6898
ရန်ကုန်၊ မတ် ၆ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် မတ်လလယ်တွင် စတင် ရောင်းချမည့် အင်တာနက်လိုင်း ပူးတွဲပါသည့် GSM ဖုန်းများကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့တွင် ဧပြီလကုန်အထိ အသုံးပြုနိုင်မည် မဟုတ်ကြောင်း ယင်းဖုန်းများ ရောင်းချမည့် E-lite Tech မှ အထွေထွေ မန်နေဂျာ ဦးမင်းဆက်ပိုင်က The Voice Weekly သို့ ပြောကြားသည်။ GSM ဖုန်းများကို အဆိုပါ မြို့ကြီး နှစ်မြို့မှ လွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဖုန်းအရောင်းဆိုင် များတွင် ကျပ်နှစ်သိန်းဖြင့်ပင် ရောင်းချသွားမည် ဖြစ်ကြောင်း၊ GSM ဖုန်း ဈေးနှုန်းထက် CDMA 800 Mhz ဖုန်းများ ကျပ်ငါးသောင်း ဈေးပိုရခြင်းမှာ […]