မဟာမြိုင် တောကြီး အတွင်းမှ ဗိဿနိး နတ်ကွန်း ဓါတ်ပုံလေးတွေ ရလို့ တင်ပေးလိုက်ပါတယ်။ မဟာမြိုင်တောကြီးထဲ သွားရင်တော့ လူတွေက အနှောက်အယှက် ကင်းအောင် ကားတွေ လူတွေ ဦးတိုက်ကြတယ်။ ကြည်ညိုလို့ ရှိခိုးတာထက် ကြောက်လို့ သွားကန်တော့ ကြတာ ဖြစ်ပါတယ်။ တောထဲမှာ ဘေးဒုက္ခ မကြုံရအောင် အနှောက်အယှက် အတိုက်အခိုက် စသဖြင့် မမြင်နိုင်တဲ့ အတားအဆီးတွေ ဆီးမကြိုနေအောင် သွားကန်တော့ပြီး ဒီခရီး ဘေးကင်းပါစေ ဆုတောင်းကြတယ်။ မုံရွာဘက်က သစ်ထုတ်လုပ်ရေး လုပ်တဲ့ လူတွေကတော့ အရမ်းကြောက်ကြပါတယ်။ တော်တော် လည်း ယုံကြတယ်။ မဟာမြိုင်တောထဲက သစ်ကွင်းတွေမှာ အလုပ်လုပ်နေကြတော့ သူတို့လည်း စိတ်ခြောက်ခြားကြတယ် ထင်ပါတယ်။ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဇရပ်ပုံဖြစ်ပါတယ်။