sitminnaingJanuary 10, 20121min2366
ပြီးခဲ့တဲ့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ပက်သက်ပြီး အဆိုင်အခဲကြီးဖြစ်နေတာ..ထင်ထားတဲ့အတိုင်းပါပဲ…ဒုံရင်းကဒုံရင်းပါပ၊ဲလူကြားကောင်းအောင် အသံကောင်းဟစ်ပြ၊ဘယ်သူလာလာ နိုင်ငံရေးအကျဉ်းသာဆိုတာ မြန်မာပြည်မှာမရှိပါဘူးလို့ ဗြောင်ငြင်း လိမ်ညာနေတာကိုသိသိကြီးနဲ့ အထင်ကြီးနေကြတာကိုကကျွန်တော်တို့အတွက် မဟာအမှားပါပဲ၊ပြည်တွင်းမီဒီယာတွေကနေ လိမ်လို့အားမရသေးဘူး၊နိုင်ငံတကာမှာထွက်ပြီး လူလုံးပြ၊ဟန်ရေးပြပြီး လွတ်ငြိမ်းချမ်းသာခွင့်တွေပေးပါမယ် နိုင်ငံရေးအကျဉ်းသားတွေလည်းအမြန်ဆုံးလွတ်လာကြတော့မှာဆိုပြီး၊အရှက်မရှိ ပြောသွားလိုက်ကြတာ၊ “ယိုသူမရှက် မြင်သူရှက်၊ ပြောသူမရှက် ကြားသူရှက် ” ပါ၏။ “ဒီကြေညာချက်ကြောင့် နှစ်ပေါင်း(၅၀)လုံးလုံး ဗြောင်လိမ်ခဲ့တဲ့ အစိုးရရဲ့လုပ်ရက်တွေဟာ တစ်ကျော့ပြန်လာပြီလားလို့ စိတ်ထဲမှာတွေးမိပါတယ်။အခုချိန်မှာ ဟိုဝန်ကြီးကပြောလိုက်၊ဒီဝန်ကြီးကပြောလိုက်၊လူ့အခွင့်အရေးကော်မရှင်ကပြောလိုက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးတော့မလိုလိုနဲ့ပြောခဲ့ပြီးမှ မလွှတ်ချင်တဲ့အတွက်တိုင်းပြည်ကို ဗြောင်လိမ်သလိုဖြစ်နေပြီး ဘာကိုမှ မယုံကြည်ရဲတော့ သလိုလိုဖြစ်သွားပါတယ်။နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ဒါကြောင့်အခု အခုကြေညာချက်ဟာ အစိုးရကို သိက္ခာကျစေခဲ့သလို ယုံကြည်မူကိုလည်း ကင်းမဲ့စေပါတယ်။ဒီကြေညာချက်ကြောင့်အစိုးရသစ်ရဲ့ လုပ်ဆောင်မူတွေပေါ်ယုံချင်သလိုဖြစ်နေတဲ့စိတ်တွေတောင်ပျောက်ဆုံးသွားပါတယ်။ဒါကိုမှ မယုံရရင် ဒေါ်စုကိုဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပါဝင်ခွင့်ပေးတာတွေ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးကြိုးပမ်းမူလုပ်တာတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ရတော့မလဲ။အစိုးရအတွက်တော့ အင်မတန်အရှက်ကွဲပြီး သိက္ခာကျစေတဲ့ ကြေညာချက်ဖြစ်ခဲ့ပါတယ်။နောက်တစ်ချက်ကတော့ ဒါဟာ လွှတ်ငြိမ်းချမ်းသာခွင့်မဟုတ်ပါဘူး၊ဒါဟာလုပ်ရိုးလုပ်စဉ် လျှော့ရက်ပေးတာမျိုးပါ။ဒီလိုမျိုးဆိုတာ ထောင်ထဲမှာရှိပြီးသားပါး။နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို […]