etoneJuly 27, 20102min960
ပြီးသွားတာတွေဟာ ပြန်မရပါဘူး။ အတိတ်တွေဟာလည်း တဖြည်းဖြည်း ဓါတ်ပုံဟောင်းလို မှုန်ဝါးလာတယ်။ တစ်ချို့တွေကို ရင်ထဲကအတွင်းဆုံးနေရာမှာ သိမ်းထားလိုက်တယ်။ နက်နဲတဲ့ ဒဏ်ရာတွေဟာလည်း မနာကျင်တော့ဘူး။ ကော်ဖီတစ်ခွက်လိုပဲ။ ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေဟာ ပြီးသွားပါပြီ။ မျက်ရည်စက်လေး ကော်ဖီခွက်ထဲကျသွားတယ်။ တစ်ချို့ကပြောတယ် “မျက်ရည်ကိုထိန်းချုပ်မရတော့ပဲ ကျလာတော့မယ်ဆိုရင် မျက်စိကိုမပိတ်ပဲ လောကကြီးကိုကြည့်နေလိုက်ပါ အားလုံးဟာတဖြည်းဖြည်းမှုန်ဝါးလာြ ပီး မျက်ရည်ကျသွားတဲ့အချိန်မှာတော့ ရင်ထဲမှာရှင်းလင်းသွားတယ်။ ချစ်တာကြာသွားရင် မထူးဆန်းတော့သလို နာကျင်တာကြာသွားရင် ဒဏ်ရာဖြစ်သွားတယ်။ မုန်းတာကြာသွားရင် ရင်တွေလေးလာမယ်။ ရိုးရှင်းတဲ့အချစ်ပဲဖြစ်ဖြစ် အားလုံးကထာဝရပဲဖြစ်ချင်ကြတယ်။ ရိုးရှင်းတဲ့အချစ်ကို လူတိုင်းကမသိကြဘူး ဘယ်လောက်ပျော်ဖို့ စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဆိုတာကို…… စောင့်နေရတာကြာသွားပေမဲ့ အချိန်တွေကကုစားမယ်ဆိုပေမဲ့ ဒီစိတ်ကပြောင်းလဲသွားတာမဟုတ်ပါဘူး။ သူ့နေရာကနေ သူပုံမှန်လေး ရှိနေတာပါ။ လူတစ်ယောက်က တခြားတစ်ယောက်ကို အရမ်းချစ်မိပြီဆိုတာလည်း ပေးဆပ်ခြင်းအတွက် သူပျော်နေပါတယ်။ ရယူပိုင်ဆိုင်မှုအတွက်ဆိုရင်တော့ သင်မြတ်နိုးမှာမဟုတ်ပါဘူး။ ရယူတာထက် စောင့်စားတာပိုမကောင်းဘူးလား။ အချစ်ဆိုတာ […]