shanMarch 30, 20111min1492
ဒီနေ့မှာ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဆိုင်းဘုတ်တွေဖြုတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆိုတဲ့ ဆိုင်းဘုတ်တင်ကြမှာ ဖြစ်ပါတယ်။ မနက်ဖြန် ၃၀.၃.၂၀၁၁ နေ့ နံနက် ၈း၅၅ မိနစ်မှာ တပြိုင်တည်း ပြောင်းလဲမယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူးတွေကိုတော့ ပြည်သူတွေကိုအနိုင်ကျင့်နေတဲ့ လက်ရှိဥက္ကဋ္ဌတွေကိုပဲ ပြန်လည်ခန့်ထားမှာဖြစ်ပြီး လွှဲ ပြောင်းပုံကတော့ လက်ရှိ ရယက အဖွဲ့ဝင်များကိုဖယ်ရှားမယ်၊ အဆိုပါအဖွဲ့ဝင်များက လက်ရှိဥက္ကဋ္ဌကိုပဲ စာရင်းဇယား လွှဲပြောင်းပေးအပ်၊ အာဏာလွှဲပြောင်းမှာဖြစ်လို့ ပြည်သူတွေကို လှည့်စားတဲ့လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်နေကြပါတယ်။ လက်ရှိအဖွဲ့ဝင်တွေကလည်း ပြည်သူများဆီက မတရားရယူပြီး ချမ်းသာနေတဲ့ ဥက္ကဋ္ဌတွေကိုတော့ ပြန်လည်ခန့်ထားပြီး သူတို့ကို ဖယ်ပစ်လို့ မကျေမနပ်ဖြစ်နေကြတယ်။ ကြံ့ဖွံ့ပါတီမှာ အာဏာလိုချင်သူတွေကလည်း ၁၈ နှစ်လုံးလုံး ဘာခိုင်း ခိုင်း ကိုယ့်စရိတ်ကိုယ်စား လုပ်ပေးခဲ့တာ၊ အခု သူတို့က ကိုယ့်အခြေအနေကိုယ်သဘောပေါက်ပြီး ပါတီက […]