ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။ “ဟေ့ကောင်ကြီး….အိမ်မှာဘယ်လို အခြေအနေရှိလဲ.. အေးဆေးပဲလား” “ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ” “ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…” “ကျွေးပါတယ်ဆရာရယ်…” “အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့ ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား” “မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ” “ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက” “ဆ..ဆရာ…စိတ်မဆိုးရဘူးနော်.. ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..” “အေးပါ…မြန်မြန်ပြောစမ်းပါ…” “ဟိုလေ….ဆရာမြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..” “ဘာ….ငါ့မြင်းကြီး…ဟုတ်လား..” “ဟုတ်…ဟုတ်…သေသွားပြီဆရာ..” “ဟေ!!!!….” “သူကတော့ပင်ပန်းပြီးသေတာဆရာ” “ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..” “မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…” “ဘာ!!!!…ရေ………ဟုတ်လား….????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ” “ဟို..ဟိုလေ….မီးလောင်လို့…” “ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..” “ဆရာ.အိမ်ပေါ့ဆရာရယ်” “ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်” “ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က” “…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်” “ဆရာ့အမေ….” “ဘာကွ..ငါ့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ” “ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲံ့.. ဟ..သူခိုးဟ..ဆိုပြီး…အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ် တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..” “ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ.. ..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်.”