kaiSeptember 8, 20102min1081
ရုပ်ရှင်ပွဲတော်ဆိုတာ..သိပ်မသိသေးသူတွေအတွက်ရည်ရွယ်တာပါ။ အဲဒီတော့ အဲဒီခေါင်းစဉ်တတ်တယ်ဆိုပါစို့..။ အဦးဆုံး..ဆက်စပ်သတင်းလေးတခု တင်ပေးပါမယ်။အီလဲဗာန်းမီဒီယာရဲ့ ဝက်ဘ်ဆိုက်မှာဖတ်မိတာပါ။ http://www.news-eleven.com/index.php?option=com_content&view=article&id=4696:2010-09-06-06-34-04&catid=61:local&Itemid=133 အမေရိကန်နိုင်ငံ၌ ပြုလုပ်မည့် ရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသရန် ဆာတိုရီဗီဒီယို ထုတ်လုပ်ရေးအား ဖိတ်ခေါ် ထိုရုပ်ရှင်ပွဲတော်သို့ ပါဝင်ပြသရန်အတွက် ဆာတိုရီဗီဒီယို ထုတ်လုပ်ရေးမှ ရိုက်ကူးထားသည့် ‘မြစ်’ ဗီဒီယိုဇာတ်ကားအား ပြင်ဆင်လျက်ရှိ ပြီး စက်တင်ဘာလ ၁ဝ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန် သတ်မှတ်ထားသည်ဟု သိရသည်။ ‘မြစ်’ ဗီဒီ ယိုဇာတ်ကားသည် ဆာတိုရီ၏ဇာတ် လမ်းဇာတ်ညွှန်းကို ဒါရိုက်တာရီဇော်ရိုက်ကူး၍  ရဲတိုက်၊ ပြေဇင်၊ စိုးမြတ်သူဇာ၊ ချစ်သုဝေတို့ အဓိက ပါဝင်ထားသည်ဟု သိရသည်။ ဇာတ်ကားသည် ဧရာဝတီမြစ်ကမ်းနံဘေး မကွေးမြို့တွင် ရှင်သန်ကြီးပြင်းလာရသည့် လူငယ်လေးတစ်ဦး၏ ချစ်ခြင်းဖွဲ့ဇာတ်လမ်းအား ရိုက်ကူးထားခြင်း ဖြစ်သည်ဟု သိရသည်။ ဇာတ်ကား ၏နောက်ခံတေးဂီတကို တေးရေး […]