Charm BoyMarch 14, 20121min90818
အစိုးရဝန်ထမ်းများ ဧပြီ ၁ ရက်မှစ၍ အပိုထောက်ပံ့ကြေး တစ်လ သုံးသောင်းနှင့် နေ့စားလုပ်သားများ တစ်ရက်လုပ်ခ တစ်ထောင်ကျပ် ထပ်မံတိုးမြှင့်ခံစားခွင့်ရ ရန်ကုန်၊ မတ်-၁၄ လာမည့် ဧပြီ ၁ ရက်မှ စတင်၍ တပ်မတော်သားများအပါအဝင် အစိုးရဝန်ထမ်းများအားလုံး၏ စားဝတ်နေရေး သက်သာချောင်လည်မှုရှိစေရန် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ် သုံးသောင်းနှင့် အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို ယခင် ၁၁၀ဝ ကျပ်မှ ထောက်ပံ့ကြေး တစ်ထောင်ကျပ်တိုး၍ ၂၁၀ဝ ကျပ်တိတိ ထပ်မံ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းခေါင်းစဉ်ဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက မတ်လ ၁၄ ရက်၊ ရက်စွဲဖြင့်ကြေညာစာအမှတ် ၁၀၀/ ၂၀၁၂ […]