Ko chogyiAugust 29, 20141min23311
(၁ ) စတင်တွေရှိသူကတော့ ထူးခြားစွာ လုံးဝန်းချောမွတ်နေသော ကျောက်တုံးတစ်တုံးအမှတ်နှင့် ကောက်ယူကြည့်မိခြင်း ဖြစ်လေသည်။ လက်ထဲရောက်သော အခါမှ အချိန်အဆနှင့် အနှစ်အသားအရ သူ့လက်ထဲမှ အရာသည် ကျောက်တုံး မဟုတ်ကြောင်း ခံစားသိရှိလိုက်၏။ ဘာမှ မဟုတ်သော လောကကြီးအတွင်းမှ ဘာမှမဟုတ်သော အရာတစ်ခုအဖြစ် ပြန်လည်လွှင့်ပစ်ခဲ့လျှင် ရသော်လည်း လူ့သဘာဝအရ စူးစမ်းလိုစိတ်ကလေးက ရှိနေပြန်သေး၏။ ထိုသို့ဖြင့် ထို “တစ်စုံတစ်ရာ”လေး ကို လူနေရပ်ကွက်အတွင်းသို့ ယူလာကာ အားလုံးထံ အထင်အမြင်တောင်ခံကြည့်ရေတော့၏။ ထိုသို့ဖြင့်…. (၂ ) “ငါ့အထင်တော့ ဒါဟာ “ကျောက်ဥ” ဖြစ်ရမယ်…” ထိုလူကြီးက သူ့စကားကို ဆက်ရှင်းလေသည်။ “ဆေးဆရာတွေ တောနင်းရှာတတ်တဲ့ ကျောက်သွေးလိုမျိုးပေါ့။ ကျောက်ကရတဲ့ ကျောက်ဥ ဖြစ်ရမယ်။ ကျောက်သွေးလိုပဲ အကြီးအကျယ် ဆေးဖက်ဝင်နိုင်တယ်။ အနီးအနားမှာ […]