လင်းဝေMarch 23, 20111min1825
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အကြောင်းပြောမိရင်း နဲ့ ကျင့်ဝတ်ပိုင်းအရ တန်းဖိုးထားမှု ပိုင်းအရ ပြန်လှန်စောင့်ထိမ်းကြဖို့သင့်တာ ဆင်ခြင်တွက်ဆ သင့်တာတွေကို ဆွေးနွေးဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖြစ်လာဖို့မရှိသေးပေမယ့် ကြိုတင်ပြင်ဆင် ရင့်ကျက်ထားတာကတော့ အမှားလည်းမဖြစ်နိုင်တာမို့ ဖတ်ထားမိတာ မှတ်ထားမိတာလေးတွေ ပြန်လည် ဝေမျှလိုက်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကို လူ့ အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ မှာ ဖော်ပြထားပါတယ်။ ပြင်သစ်တော်လှန်ရေးကနေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ဆိုတဲ့ အယူအဆကို စတင် မွေးဖွားပေးခဲ့တာပါ။ ပြင်သစ်တော်လှန်ရေး ကာလမှာ ပြင်သစ် အမျိုးသား လွှတ်တော်က The Declaration of the Rights of Man and of the Citizen, 1789 ကို ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ […]