myuemyueApril 6, 20111min43817
“သခွားရည်နဲ့ထုတ်လုပ်ထားတဲ့ ပင်တိုင်စံမိတ်ကပ်ကို နာမည်ကြီးလွန်းလို့လိမ်းကြည့်လိုက်တော့ အရမ်းအရမ်းကို ကောင်းတာပါပဲရှင်” ဆိုတဲ့ ကြော်ငြာလေးကို မှတ်မိကြဦးမယ်ထင်ပါရဲ့…. ကြော်ငြာခောတ်ဦးတုန်းက အန်တီခင်သန်းနုရဲ့ ကြော်ငြာလေးပေါ့… ပင်တိုင်စံမိတ်ကပ်ရဲ့အကြောင်းတော့ မသုံးဖူးလို့မသိပေမယ့် သခွားသီးရဲ့အစွမ်းလေးကိုတော့ လိုအပ်ရင်သုံးလို့ရအောင် အားလုံးအတွက် မျှဝေပေးချင်ပါတယ်… သခွားသီးတစ်လုံးထဲမှာ ကျွန်မတို့နေ့စဉ်လိုအပ်တဲ့ ဗီတာမင်များစွာ ပါဝင်ပါတယ်… ဗီတာမင် B1, B2, B3, B5, B6 ဖောလစ်အက်ဆစ် ဗီတာမင်စီ ကယ်လစီယမ် သံဓာတ် မဂနီစီယမ် ဖော့စ်ဖရပ်စ် ပိုတက်စီယမ်နဲ့ ဇင့်တို့ပေါ့… နေ့လည်နေ့ခင်း အလုပ်ထဲမှာ ပင်ပန်းပြီး ငိုက်နေပြီဆို ကဖင်းပါတဲ့ ကော်ဖီ လက်ဖက်ရည်တွေ သောက်မယ့်အစား သခွားသီးနည်းနည်းလောက် စားကြည့်လိုက်ပါ… သခွားသီးထဲမှာပါတဲ့ ဗီတာမင်တွေက သင့်ကို ချက်ချင်းလန်းဆန်းသွားစေပါလိမ့်မယ်… ရေနွေးလေးနဲ့ ရေချိုးပြီးတိုင်း ရေချိုးခန်းမှန်မှာ ရေငွေ့တွေရိုက်နေတတ်တာကို စိတ်ပျက်နေပြီလား…. သခွားသီးကို […]