True AnswerDecember 16, 20111min59515
ရန်ကုန်မြို့ ကြည့်မြင်တိုုင်မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟအား အဆိုပါကျောင်းတိုက်မှ ဖယ်ရှားရန်အပါအဝင် အချက်သုံးချက်အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး အဆိုပါကြေညာချက်တွင် ”၁။ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ ္စတင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ နေ့တွင်ကျင်းပသော ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄ရ ပါးစုံညီအစည်းအဝေးက ဖော်ပြလတံ့ ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။ ဆုံးဖြတ်ချက်ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ – (က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန် (ခ) သံဃအဖွဲ့ […]