စာရွက်အဖြူထည် ပေါ်မှာပဲ တိုင်းပြည်တည်ဆောက်ကစားရာက စည်းကမ်းချက်အစီအစဉ်အသစ်ရေးဆွဲ ဂိမ်းစက်ထဲထည့်လိုက်ပြီ….။ ဂျင်နရယ်တိုက်တယ်ဆိုလား ဒိုတာခုတ်တယ်ဆိုလား ကစားနေကျ ကလေးတွေတော့ နားလည်မှာပ…။ အချိန်ကုန် စိတ်ပမ်း အိပ်ကပ်ထဲက မုန့်ဖိုးကုန်လေမှ လေးကန်ကန် ထပြန်တဲ့ကလေးတွေ… ကျောင်းပျက်ခံ စာမကျက် ဂိမ်းမက်တဲ့ကလေးတွေ လူနဲ့စက် စက်နဲ့လူ နိုင်ငံတွေ အပြိုင်ဆောက် စက်ရုံတွေ အပြိုင်တည်… စစ်ပွဲတွေ အလီလီနွဲနဲ့….. သူရို့ဖာသာသူရို့တော့ အတော်ဟုတ်နေပါ့…. ။ ဒါနဲ့ ကိုယ့်အတွင်းစိတ်ကိုယ်သေချာပြန်စစ်ဆေးလိုက်တော့ ကို်ယ်တို့တွေလည်း စိတ်ကူးထဲမှာပဲ နိုင်ငံတည်ဆောက် ကိုယ့်ဖာဟာကိုယ် ရှင်ဘုရင်လုပ်လို့ အတွေးတွေနဲ့ပဲ စစ်တုရင်ထိုးနေကြတာပေါ့………..။ နေဝန်းနီ