same kyawJuly 31, 20121min5049
သတင်းဆို ပေမဲ့ သတင်းဆိုတာ တခါတလေ အတင်းဖြစ်သွားတတ်တယ်။ ခုဟာ ကအမှန်တိုင်းပြောရင် သူများရေးသလို စာရေးချင်တယ် ။မရေးတတ်တော့ ကြံဖန်ပြီး ရေးတင်လိုက်တာပါ။သတင်းဖတ်ဖို့ မအားသူများ အတွက် စေတနာနဲ့ စုစည်းတင်ပေးလိုက်တဲ့ သဘောပါ။ဖတ်ပြီးသူများဖြစ်ရင်လည်း ပြန်ဖတ်ပါ ဘာမှ မဖြစ်ပါဘူး။အပြစ်မပေးပါဘူး။ ပထမဆုံးအတင်း မှားလို့ သတင်းက မြန်မာနို်င်ငံ မှာ မကြုံစဖူးပါ ထိုင်းအိမ်ရှေ့မင်းသား မဟာ ဝချိရာလုံကွန်( 28/07/1952)  ရဲ့ အသက် ၆ဝ ပြည့်မွေးနေ့ကို မြောက်ဒဂုံမှာ ဒီလ ၂၉ရက်နေ့ ကပြုလုပ်သွားတယ်။ဘုန်းကြီး အပါး ၆ဝကို ဆွမ်းကပ်ပြီး ထိုင်းသံအမတ်ကြီး က ထိုင်းဘတ် တသိန်းကို လှုသွားတယ်ဆိုတဲ့ သတင်းပါ။ လှုလို့ပိုက်ဆံ ရတာတော့ ကောင်းပါတယ်။ဒါပေမဲ့ ဘာကြောင့်ဒီလို လုပ်တာလဲဆိုတာ စဉ်းစားစရာပါ။ထိုင်းဆိုတာ မြန်မာပြည်ကနေ သွားရင်တခေါ်သာသာပါ။ […]