ဦးမာဃာရေ ဒီနေ့တောနတ်သားလေးကို ရုက္ခစိုးလို့ခေါ်တဲ့သစ်ပင်စောင့်နတ်ကလှမ်းဖိတ်တယ်။ဒီနေ့မနက်တော့ နတ်သားလေးဆီကိုဖုန်းဝင်လာတယ်။ သူအခုရှမ်းပြည်နယ်မှာရှိတယ်လို့ပြောတယ်။ဆက်ဆက်လိုက်လာခဲ့ဖိုလည်း မှာတယ်လေ။ အဲဒါနဲ့ နတ်သားလေးလည်း ဒီနေ့မနက်ဘဲသူဆီလိုက်သွားတာပေါ့လေ။ သူနေတာ နဂိုကပဲခူးရိုးမထဲမှာလေအခုဘယ်လိုလုပ်ရျမ်းပြည်နယ်ထဲရောက်နေလဲ မသိဘူးတွေ့မှာ မေးရမယ်ဆိုပြီးစဉ်းစားနေတယ်လေ။ သူဆီကိုနေ့လည်လောက်ရောက်သွားတယ်။ အဲဒီင်္ကိုရောက်တော့ သူကရုက္ခစိုးနတ်မင်းမလား သစ်ပင်ပေါ်မှာရျိရမယ်လေ။အခုတောသူတွေ့ရတာ စိတ်မချမ်းသာစရာလေ။သစ်ပင်ပေါ်မှာမရှိဘဲ သစ်လုံးတွေပေါ်မှာမိန့်မိန့်ခန့်ခန့်ကြီးထိုင်လို့လေ။သစ်လုံးတွေကြည့်လိုက်တော့လည်း ကျွန်းသစ်လုံးတွေအပေါ်မှာလေကျကျနနထိုင်နေတာ။ မိုးနတ်သားလေး………သူငယ်ချင်းရုက္ခစိုး.ဘာကြောင့်သစ်ပင်ပေါ်မှာမနေ့ဘဲသစ်လုံးတွေတက်ထိုင်နေရတာလဲ ရုက္ခစိုး………လာလာ။နတ်သားလေးမင်းကိုတရုတ်ပြည်ခေါ်သွားမလိုလေ။ဗီဇာမလို ပတ်စပို့မလိုဘူးနော်။အခမဲ့ရောက်တယ်လေ။ အခုများကြတော့သစ်ပင်စောင်နတ်တော်တော်များများတောင် အနောက်နိုင်ငံတွေဆီရောက်ကုန်ပြီလေ။ နတ်သားလေး………သစ်ပင်စောင့်နတ်ရေနဂိုကသစ်တပင်ခုတ်ရင်ထောင်သုံးနှစ်ဆိုဆိုင်းပုဒ်ရော ဘယ်ရောက်သွားလဲ။ ရုက္ခစိုး…….အပြင်လူတွေပြောတာလေ။သူတိုခုတ်ရင်ခုတ်ချင်သလောက်ခုတ်လေ။အမုန်းခုတ်လို့ရတယ်နော်။ နတ်သားလေး…..ထားပါတေဆာလေ။သင်တို့၁၀၅မိုင်ဂိတ်ကိုဘယ်လိုဖြတ်လဲ။ဟိုဘက်နိုင်ငံကိုဘယ်လိုရောက်အောင်ပို့လဲ။ ရုက္ခစိုး……ဟားဟားလွယ်လွယ်လေးလေ၁၀၅မိုင်ရောက်တောသူတို့တွေစာပါတယ်လေစာလေးပြရုံဘဲလေ။ပြီးတောနယ်စပ်ဂိတ်ကိုဖြတ်နေရင်ကြနေသေးတယ်လေ။ ရွှေလီချောင်းထဲကန်ချလိုက်ရုံဘဲနော်။ပြီင်္းမှာဟိုဘက်ဆယ်ပြီးကွန်တိန်နာတင်တဲ့ကားပေါ်မှာအသင့်တင်ရုံနော်။ နတ်သားလေး……အော်မသိလိုနော်။ဒါဆရုက္ခစိုးနတ်မင်းကနိုင်ငံခြားတိုင်ပြည်တွေကိုကျွန်သစ်လုံးအတိုင်းရောက်သွားတာပေါ့နော်။ ရုက္ခစိုး….ဘယ်ဟုတ်မလဲ။ငါတို့တွေအနောက်နိုင်ငံတွေဆီရောက်တော့ ပရိဘောဂအိမ်သုံးပစ္စည်းတွေဖြစ်သွားရောပေါ့လေ။ နတ်သားလေး…. အော်မှတ်သားလောက်ပါတယ်ရုက္ခစိုးနတ်မင်းကြီးရယ် ကျွန်တော်မျိုးမှတ်သားသင့်ပါတယ် ဦးမာဃာရေ ရုက္ခစိုးတောင် နိုင်ငံခြားကိုပတ်စပို့မပါဘဲရောက်ကုန်ပြီးနော်