Yin Nyine NwayOctober 24, 20101min1665
အချစ်တိုင်းက သော့အိမ်နဲ့သော့ အချင်းချင်းရှာဖွေတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်တဲ့။ လူတိုင်းမှာ ၁၀၀% သင့်လျှော်လိုက်ဖက်တဲ့ ဖူးစာရှင်တစ်ဦးရှိသလို သော့တိုင်းမှာလည်း သော့ကိုဖွင့်နိုင်တဲ့ မှန်ကန်တဲ့ သော့တစ်ချောင်းရှိတယ်ဆိုတဲ့ အဆိုကို လူတွေ ဘယ်ရာစုကတည်း ယုံကြည်ကြခဲ့သလဲ မသိပါဘူး။ “ဒီလို ရာဇဝင်ကိုရော နားထောင်ဖူးလား? လူတိုင်းရဲ့လက်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ အနီရောင်ကြိုးစနဲ့ ချည်ထားကြတယ်။ ကျန်ကြိုးစကိုတော့ တခြားလက်တစ်ဘက်မှာ ချည်ထားတယ်။ အချစ်ဆိုတာ ကိုယ်နဲ့အနီရောင်ကြိုးစချင်း ချည်ထားတဲ့လူကို ရှာတာဖြစ်တယ်” ကျွန်မ သူငယ်ချင်းတွေက ဒီလိုအချစ် အယူအဆကို ပိုထောက်ခံကြတယ်။ တကယ်လို့ တစ်ဘက်လူက ကိုယ်နဲ့အမြင်ချင်း မတူတဲ့အခါ၊ အကျင့်စရိုက် ခြားနားတဲ့အခါ၊ မကြာခဏ ငြင်းခုန်ကြတဲ့အခါ တစ်ဘက်လူကို Mr.Wrongလို့သတ်မှတ်ပြီး သော့တံအရှာမှားတယ်လို့ သူတို့ထင်ကြတယ်။ ခုတစ်လော ကေသီနဲ့သူ့ချစ်သူ မကြာခဏ ပြဿနာတက်တယ်။ အားပေးတဲ့ ဘောလုံးသင်းကအစ စားတဲ့အစားအစာအထိ […]