ဆူးJuly 27, 20111min72017
ဘယ်လောက်ကြီးတဲ့ ညောင်ပင် ဖြစ်ပါစေ အပင်ပေါက်တဲ့ အရွယ် အပင် နုနု ချိုးလိုက်ရင် အပင်တပင် ဆက်လက် ရှင်သန်ဖို့ ပျက်သုန်းသွားနိုင်သလိုပါပဲ လောကကြီးမှာ ပထမဆုံး ခြေလှမ်းစမဲ့ လူတွေကို ခေါင်းပုံဖြတ် အလိမ်အညာ လုပ်မယ်ဆိုရင်လည်း နောက်ထက် ရှေ့ဆက်လျှောက်မဲ့ ခြေလမ်းတွေ ပျက်သွားနိုင်ပါတယ်။ မလျှောက်ရဲတော့ တာလည်း ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ တပတ်လောက်က အိမ်နားက ကလေးမလေးတွေ အိမ်က ရှိတဲ့ စားပွဲတွေ ခုံတွေ ချပြီးတော့ အသုတ်စုံ ရောင်းမယ် ဆိုပြီး ပထမဆုံးနေ့ စပြီး ဈေးရောင်းကြတယ်။ ရှိစုမဲ့စု မုန့်ဖိုးလေးနဲ့ တွက်ချက်ပြီးတော့ အရင်းကြီးကြီးလည်း မထုတ်နိုင်တော့ လက်ဖက် နဲ့ အကြော်စုံ အအေးပုလင်းလေး အနည်းငယ် ဆေးလိပ်ဗူးလေး အနည်းငယ် စားပွဲပေါ်တင်ပြီး ရောင်းကြတယ်။ […]