ဒီကဗျာလေးက မဆလ ခောတ်က အမျိုးသားနေ့အကြို သီတာဝင်းအငြိမ့် တီဗီမှာ လွှင့်တုန်းက လူရွှင်တော် ဇာဂနာ ရွတ်ပြခဲ့တာလေးပါ … ကျွန်မစိတ်ထဲမှာ ယနေ့အထိ အလွတ်ရနေလို့ အမှတ်တရချရေးလိုက်ပါတယ် … စာသားလွဲတာရှိရင်တော့ ကျွန်မ၏မှတ်ဉာဏ်ချို့ယွင်းမှုသာ ဖြစ်ပါသည် …. ကျက်သရေတိုးတဲ့ လက်ဖက်ရည်အိုးနဲ့ မလိုင်တဖန် စားလို့မကုန်သော်လည်း ပြိုင်စံရှားလို့ အဖုံဖုံ စူရကီအထည်နဲ့ နိုင်ငံခြားကကုန်ဆိုလျှင် အတူအညီမဝယ်ပဲ မြူနီစီပါယ် မြို့ရွာအသစ်ပြင်လျှက် တို့မြန်မာ တို့ချစ်ခင် ဓန အသပြာသုံးလို့ အရိုင်းမသင်ကြပါနဲ့ လသာတုန်းမှာ ဗိုင်းငင်ဆိုတာလို သမိုင်းဝင် ကချင် မွန် မြန်မာတစ်ခုတို့က ဝံသာနု အထူးခောတ်တကယ်ကြုံရလို့ ဦးချစ်ဖွယ်ကလဲ အစုံစုံအဖွယ်ဖွယ် အထူးကောင်းတာကြောင့် မြန်မာ စကူးကျောင်း ပညာဆွယ်ရလျှင် အင်္ဂါကြယ်ကို လက်လှမ်းလို့မှီလိမ့် ယက်ကန်းသူ မိန်းကလေးတစ်ခုတို့က ငြိမ်းအေးခြင်းအသွင် […]