ေဟသီJune 18, 20161min2033
မိုးအနည်းငယ် ရွာလိုက်ရုံနှင့် ရွှံ့ဗွက် ဗရပွ တို့က စက်မှုဇုန်အတွင်းရှိ လမ်းများကို ပိုမို အကျည်းတန် နေစေသည်။ ထို ရွှံ့ဗွက်များကို ကျွမ်းကျင်မှု အပြည့်ဖြင့် ကျော်နင်းရင်း ထမင်းချိုင့် ကိုယ်စီ ဆွဲ၍ အလုပ်ချိန် အမှီ ခပ်သွက်သွက် လမ်းလျှောက်လာခဲ့သည့် အလုပ်သမ ကလေးများ၏ မျက်ဝန်းများထဲဝယ် မျှော်လင့်ချက် အရောင်တို့က ကိုယ်စီရစ်ဝဲလျက် ရှိကြသည်။ လစာထုတ်ရက်လည်း မဟုတ်၊ အပိုဆုကြေး ပေးသည့် အချိန်အခါ လည်း မဖြစ်နိုင် သို့ပါလျှင် မည်သို့သော အကြောင်းက ထိုမိန်းကလေးတို့ မျှော်လင့်ချက် ဖြစ်ပါမည်နည်။ သူတို့၏ မျှော်လင့်ချက်တို့က အခြားမဟုတ်ချေ။ စက်ရုံတွင်း အလုပ်သမား အဖွဲ့အစည်းသစ်တစ်ခု ဖွဲ့စည်းနိုင်ရေး မဲပေးကြရမည် ဖြစ်သည်။ ထိုအသစ် ဖြစ်ပေါ်လာမည့် အဖွဲ့အစည်းအတွက် မျှော်လင့်ချက် […]