black chawOctober 22, 20112min57015
မနေ့က အစိုးရ အစီအစဉ်နဲ့ ဖွင့်ထားတဲ့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း အကြောင်းလေး တင်ပြခဲ့ပါတယ်။ ငွေကြေးတတ်နိုင်မှ အလှူအတန်းလုပ်နိုင်တာမဟုတ်ပဲ မိမိပိုင်ဆိုင်သော အသံဖြင့် မျက်စိမမြင်ရှာသူများအတွက် ကူညီပေးနိုင်သည် ဆိုသော အချက်ကို သိစေလိုခြင်းဖြစ်ပါသည်။ မနေ့ကမန်းကြသူတွေ အတွက် ဒီနေ့ ကျွန်တော် ခဝဲခြံ မျက်မမြင်ကျောင်းကို ထပ်သွားဖြစ်ခဲ့ပါသည်။ (ကိုသစ်မင်းရေ၊ ခင်ဗျားရဲ့ သည်အလှူ ပို့စ် က ရိုက်ချက်တကယ်ပျင်းတယ်ဗျ။ ဟားဟား) ခဝဲခြံမျက်မမြင်ကျောင်းမှာ ဗဟိုလမ်းပေါ်တွင်ရှိပါသည်။ လိပ်စာအတိအကျမှာ (မ-၁၆၅၊ ဗဟိုလမ်း (၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၆၆၁၆၈၉၊ ၆၆၂၀၃၄ ။ ) ဖြစ်ပါသည်။ ကျွန်တော် ဒီနေ့ ကျောင်းကိုရောက်သွားတော့ ပညာရည်ချွန်ထူးချွန်ဆုပေးပွဲနှင့် တိုက်ဆိုင်နေပါသည်။ ပွဲကို ခဏ ဝင်ပြီး ဓါတ်ပုံ […]