ပြီးခဲ့သည့် တစ်လခန့်က မြန်မာဟာသ ရုပ်ရှင်တစ်ကားကို ပါရမီစိန်ဂေဟာရှိ ရုပ်ရှင်ရုံတွင် မိသားစု နှင့် အတူ ကြည့်ဖြစ်ပါသည်။ ဇာတ်လမ်း စစခြင်း အဖေလုပ်သူ သေအံ့ဆဲဆဲ ဘေးမှာ သား နှင့် အမေ တို့က ဝမ်းနည်းနေ ကြသည်ပေါ့ခင်ဗျာ။ ဖအေက သေမှာကို မသေနိုင်သေးပဲ မှာပုံတော် ဖွင့်နေတာကို ဟာသဖြစ်အောင်ရိုက်ပြနေပါသည်။ ယောင်္ကျားသေလို့ မိန်းမငိုတာက “ အသေနောက်ကျလို့ နှမြောလှချည်ရဲ့ “ တဲ့။ ဘာကိုများ နှမြောသည်မသိပါ။ အဖေလုပ်သူ သေလည်းသေရော အမေလုပ်သူ ဖလန်းဖလန်း ဖြစ်ပါတော့သည်။ ရိုင်းရိုင်းပြောရလျှင် အမေဆိုသည့် ဂုဏ်သိက္ခာပင်မထောက်တော့ပဲ လွှတ်နန့်ပါတော့သည်။ သားဖြစ်သူ က လိုက် ထိန်းနေရတာကို ဟာသလုပ်ရိုက်ထားခြင်း ဖြစ်ပါသည်။ ရယ်ရလျှင်ပြီးရော ဘုရားနှင့်တစ်ဂိုဏ်းထဲထားပါသော အမေ ကိုပင် […]