maung hninkharrSeptember 26, 20111min1605
“ဘာအချိုးလဲ” ကိုလှသည် စားသောက်ဆိုင်တစ်ဆိုင်၌ ထမင်းသွားစားသည်။ အတော်ကြာအောင် အော်ဟစ်မှ စားပွဲထိုးလေးတစ်ယောက် သူ့အနားရောက်လာ၏။ ထိုစားပွဲထိုးကလေးသည် ကိုလှ အားရိုင်းရိုင်းပျပျပင် အော်ဟစ်ဆက်ဆံ၏။ ကိုလှသည် သည်းမခံနိုင်တော့၊ ဒေါ်သထွက်လာ၏။ မန်နေဂျာကို တိုင်၏။ မန်နေဂျာက စားပွဲထိုးကလေးကိုခေါ်ပြီး ပြစ်တင်ကြီမ်းမောင်းလေ၏။ “ဟေ့၊ ဟောဒီလူကြီးမင်းက ခွေးလို အကျယ်ကြီးဟောင်ပြီး မင်းကိုခေါ်နေတာတောက် မင်းက ဂရုမစိုက်ဘူးဆိုကွ၊ အေး. . .မင်း ဒီပုံအတိုင်းဆက်သွား၊ ဘယ်ခွေးမှ ဒီဆိုင်မှာ လာစားမှာမဟုတ်ဘူး။” ဟူ၏။ ========================================================== “ရိုက်မှာစိုးလို့” ‘သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့အနေနဲ့ အန်တီ့ကို မွှေးမွှေးပေးလိုက်ပါဦး’ ‘ဟင့်အင်း ၊ သားကြောက်တယ်မေမေ’ ‘ဘာဖြစ်လို့လဲ’ ‘မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်လိုက်တယ်ဗျ။’ ========================================================== “သဘာဝ” […]